28 C
Yangon

မတရား စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တွင် တော်လှန်ရေးရဲဘော်များနှင့် ရန်ကုန်သပိတ်ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်သပိတ်ပြုလုပ်

Must read

မတရား စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တွင် တော်လှန်ရေးရဲဘော်များနှင့် ရန်ကုန်သပိတ်ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်သပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မွန်ပြည်ကာကွယ်ရေးတပ်မှ ရဲဘော်များနှင့် ရန်ကုန်လူထုသပိတ်တို့ပူးပေါင်း၍ “တသံတည်းညီ တချီတည်းရုန်း ၂၀၂၃” စသည့် စာတန်းများကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှစ၍ လူထုရုန်ကန်မှုဖြင့်ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးကြီးတွင် မြင့်မြတ်စွာကျဆုံးခဲ့ရသော တောင်တန်း ပြည်မနေရာဒေသအသီးသီးမှ သူရဲကောင်းများ၊ လူမသိသူမသိကျဆုံးခဲ့ရသည့် အညတရသူရဲကောင်းများ၏ နှလုံးသားကို ဆုပ်ကိုင်ပြီး ပြည်သူများ၏ ရင်တွင်းပူဆွေးဝေဒများနှင့်အတူ ထပ်တူခံစားတိုက်ပွဲဝင်နေကြောင်း မွန်ပြည်ကာကွယ်ရေးတပ်မှ ပြည်သူများထံတော်လှန်ရေး(၂)နှစ်ပြည့် အားပေးစကား ပြောကြားထားပြီး ရန်ကုန်လူထုသပိတ်မှလည်း ပြည်သူလူထုသို့ ထပ်မံပန်ကြားလိုသည်မှာ တော်လှန်ရေးခရီး ၂ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း တော်လှန်ရေးကြီးသည် လူထု၏ရုန်းကန်သံကို ကျယ်ကျယ်လောင်လောင် လိုအပ်လျက်ရှိနေကြောင်း ပြောကြားခဲ့ကြသည်။

တသံထဲညီ တချီထဲရုန်း ၂၀၂၃ ဆောင်ပုဒ်နှင့်အတူ ယခုနှစ်တွင် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ရန် ပြည်သူများအားလုံး ရင်းထားရတဲ့အသက်များ၊ဘဝများအတွက် ပါဝင်တွန်းလှန်ပေးကြဖို့ တပ်လှန့်နိုးဆော်လိုက်ကြောင်းလည်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article