38 C
Yangon

ကန့်ဘလူတွင် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မန္တလေးတွင်လည်း ရပ်ကွက်ရုံးနှင့် အင်းဝဘဏ်တို့ကို ဖောက်ခွဲ တိုက်ခိုက်

Must read

ကန့်ဘလူတွင် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မန္တလေးတွင်လည်း ရပ်ကွက်ရုံးနှင့် အင်းဝဘဏ်တို့ကို ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကင်းပတ်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံးကြောင်း ပဉ္စမံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ချောင်းကန်ရွာမှ ကင်းပတ် ထွက်လာသော

စစ်‌သား တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို ဆင်နင်းရွာနှင့် ချောင်းကန်ရွာ အကြား လယ်ကွင်းပြင်ထဲတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်မိုင်းမိပြီး တပ်ကြပ် စစ်ခွေးတစ်ကောင် ခြေဖြတ်ရပြီး အပြင်းအထန် ဒဏ်ရာရတယ်။ သေဖို့များတယ်။ နောက်လိုက် စစ်ခွေးတစ်ကောင်ကတော့ နေရာမှာပဲ ပွဲချင်းပြီး ငရဲ ရောက်ရှိသွားပြီ” ဟု ပဉ္စမံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပဉ္စမံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ၁၂၃ လမ်းရှိ (စ)လုံးရပ်ကွက်ရုံးကို မီးပုလင်း ဗုံးဖြင့် ပစ် ခတ်ပြီး လက်နက်ငယ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး ပြန်ကြားရေးဗျူရိုမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဖေဖော်ဝါရီလ ၅ ရက် ည ၈ နာရီခန့်တွင် အဆိုပါရပ်ကွက်ရုံးအား မီးပုလင်း မိုင်းနှစ်လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ တစ်လုံးမှာ ခေါင်မိုးပေါ်ကျရောက်ပြီး ကျန်တစ်လုံးမှာ မြေပြင်ပေါ်ကျရောက်ပေါက် ကွဲခဲ့ကြောင်း၊ ရုံးအတွင်းမှ ပြေးထွက်လာသော စစ်ခွေးများကိုလည်း သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ခေါင်မိုးပေါ်ကျတဲ့ မိုင်းက မီးလောင်တယ်၊ စစ်ခွေးတွေနဲ့ မီးသတ်တွေ ငြှိမ်းသွားတာ၊ သေနတ်နဲ့ ပစ်ခဲ့ တာကတော့ ထိမထိမသိရသေးဘူး၊ ချက်ချင်းပြန်ဆုတ်လာခဲ့ရတာဆိုတော့၊ ခနနေတော့ စစ်ခွေးကား‌‌ တွေ ရောက်လာပြီး သေနတ်တွေ လျှောက်ဖောက်သွားတယ်လို့ သတင်းရတယ်” ဟု မြနန္ဒာစစ်ဆင်ရေး ပြန်ကြားရေးဗျူရိုမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို VOMDY-Front Warrior ၊ NGU:FF မြေခွေးတပ်ဖွဲ့ ၊ Acid Army PDF MDY ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက် ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အောင်မြေသာဇံမြို့နယ်၊ ၂၆လမ်း ၊ ၈၃ လမ်း နှင့်၈၄လမ်းကြားရှိ အင်းဝဘဏ်စောင့် အကြမ်းဖက်စစ်တပ်ရဲကင်းအား အောင်စည်တော် စစ်ဆင် ရေးအဖြစ် မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုမှဝင်ရောက်ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article