28 C
Yangon

လောင်းလုံးမြို့ပေါ်ရှိ သစ်တောရုံးကို PDF တပ်ဖွဲ့ မီးရှို့ရှင်းလင်းပြီး စစ်ကူလာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွာ

Must read

လောင်းလုံးမြို့ပေါ်ရှိ သစ်တောရုံးကို PDF တပ်ဖွဲ့ မီးရှို့ရှင်းလင်းပြီး စစ်ကူလာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ သစ်တောရုံးကို LLPDF က မီးရှို့ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၂ နာရီ ၂၀ မိနစ်တွင် လောင်းလုံးမြို့ပေါ်ရှိ သစ်တောဦးစီးဌာနရုံးကို LLPDF က မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ ထို့ပြင် စစ်ကူလာပြီး မီးလာငြိမ်းသည့် လောင်းလုံးမြို့မ ရဲစခန်းမှ စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း၊ သစ်တောရုံးအတွင်းရှိ စားပွဲ၊ ခုံ၊ ကုလားထိုင်၊ ဗီဒိုနှင့် အသုံးအဆောင် ပစ္စည်းအားလုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” သစ်တောရုံးမီးရှို့ခံရတော့ စစ်ခွေးတွေ စစ်ကူလာပြီး မီးငြိမ်းတဲ့အချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။ ထိခိုက်သေဆုံးမှုအခြေအနေတော့ မသိရသေးဘူး။ သစ်တောရုံးကတော့ ရုံးထဲမှာ ရှိသမျှ ပစ္စည်းအားလုံးကတော့ ပြာကျသွားပြီ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article