35 C
Yangon

မြိုင်နှင့် ရေတာရှည်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ အုတ်ဖိုတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မြိုင်နှင့် ရေတာရှည်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ အုတ်ဖိုတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကိုင်းတောမရဲစခန်းမှ ပြန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦးသေဆုံးကြောင်း ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဂွေးဂုဏ်ရွာနှင့် ဝက်ပုတ်ရွာ(ပျူရွာ) အကြား အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းပွိုင့်အကြီး အသေး နှစ်ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ရာတွင် စစ်သား ၂ ဦးသေပြီး ၃ ဦး သွေးသံရဲရဲဖြင့် ထွက်ပြေးလဲကျ သွားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဗိုလ်လင်္ကျာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရင်း – ၁၊ ဘာမထီ တပ်ဖွဲ့၊ ဇာမဏိတပ်ဖွဲ့၊ နှင်းဂွေးကာကွယ်ရေးအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၆ ရက် ည ၇ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ရေတာရှည်မြို့နယ် စည်းပိုင်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နယ်မြေဒေသခံတွေရဲ့ အတည်ပြုချက်တွေ၊ အတွင်းသတင်းအတည်ပြုချက်တွေအရ နှစ်ဦးသေဆုံး တယ်၊ နှစ်ဦးဒဏ်ရတယ်လို့ သိရတယ်၊ စစ်တပ်ဘက်က အချိန်အတော်ကြာကြာရမ်းသမ်းပစ်ခတ်ခဲ့ ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု Bago Region PDF မှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲများလက်ဖြစ်ပေါ်နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့် ဝေးဝေးရှောင်ရှားနေထိုင်ကြရန် Bago Region PDF က အသိပေးထားသည်။

ထို့ပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ် ကြိုကိုးပင်‌အုပ်စု ကျွဲဖြူမကျေးရွာမှ အကြမ်းဖက်စစ်ကောင် စီ၏ ဒေါက်တိုင် ပျူစောထီးခေါင်းဆောင် သံချောင်းကို ယနေ့ဖေဖော်ဝါရီလ ၇ ရက် နေ့လည် ၂ နာရီခွဲ ခန့်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီ ယာထံဿို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် သံချောင်းသည် လောင်းကစားဝိုင်း များအား ဦးစီးပြုလုပ်၍ စစ်ကောင်စီထံ ဆက်ကြေးပေးသွင်းနေသည့်ပြင် ပြည်သူလူထုအား အမျိုးမျိုး နှိပ်စက်ဖိနှိပ်လျက်ရှိကြောင်း၊ PDF များကိုလည်း အမြစ်ဖြတ်မည်ဟု ကြွေးကြော်ကာ တော်လှန်ရေး အဖွဲအစည်းများ၏ သတင်းကို စစ်ကောင်စီထံပေးပိုနေသူဖြစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုကို ကြိုပင်ကောက် Hero ပျောက်ကြားအဖွဲက နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်သံချောင်းမှာ နေရာ၌ပင်သေဆုံးသွား ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပျောက်ကြားရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article