39 C
Yangon

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ဗုံးပေါက်ကွဲ၊ ပဲခူးတွင်လည်း ဗုံးများ ဆက်တိုက်ပေါက်

Must read

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ဗုံးပေါက်ကွဲ၊ ပဲခူးတွင်လည်း ဗုံးများ ဆက်တိုက်ပေါက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ယနေ့ညပိုင်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန် ကျောက်တန်းမြို့နယ်၊ စစ်တပ်တပ်စွဲထားသော ကျောက်တန်းမြို့နယ်၊ ရွှေမှော်ဝန်းခန်းမအနီးဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဗုံးကွဲတာက သူတို့တပ်စွဲထားတဲ့နေရာ ရွှေမှော်၀န်းအခန်းထဲမှာ ကွဲတာ။ ပြီးတော့ စစ်တပ်က သတင်းအမှားတွေလွှင့်နေတယ်။ လျှပ်စစ်မီးရုံးကို သူခိုး၀င်လို့ ရှော့ဖြစ်တာ ဗုံးပေါက်တာမဟုတ်ဘူးဆိုပြီး သတင်းအမှားလွှင့်တယ်။ ဗုံးပေါက်တာကတော့‌သေချာတယ်။ ခွေးဘယ်နှစ်ကောင်ထိလဲတော့မသိဘူး” ဟု ကျောက်တန်းမြို့မှ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၈ နာရီကျော်အချိန် ပဲခူးမြို့ပေါ်တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်က သေနတ်များ ရမ်းသမ်းပစ်ခတ်မှုများရှိကြောင်း သိရှိရသည်။

“ဒီည ပဲခူးမှာ ဗုံးကွဲသံ ၅ ချက်လောက်ကြားရတယ်။ ပြီးတော့ စစ်တပ်က ကားနဲ့လှည့်ပြီး သေနတ်တွေ ရမ်းပစ်တယ်။ ဆဲဆိုသံတွေ လည်းကြားရတယ်။ သေဆုံးမှု ရှိ မရှိကတော့ မနက်လင်းမှပဲ သိရမယ်။ အခုတော့ အပြင်လည်း မထွက်ရဲဘူး။ အခြေအနေ လည်း မသိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ကင်းလှည့်နေသည့် အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article