29 C
Yangon

ကော့ကရိတ်၊ ကျုံဒိုးတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက် ဆက် တိုက်ခိုက် မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ​တော်လှန်​ရေး ရဲဘော် ၃ ဦးကျဆုံး

Must read

ကော့ကရိတ်၊ ကျုံဒိုးတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက် ဆက် တိုက်ခိုက် မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ​တော်လှန်​ရေး ရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ မတ် ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်းရှိ စစ် တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက်တိုက် ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးခဲ့ကြောင်း Lion Battalion မှ ရဲ​ဘော် အညာသားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုးမြို့ အခြေစိုက် ခမရ (၅၄၅/ ၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတား နှင့် ငါးတိုင် အလယ် တန်းစာသင်ကျောင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ် သားများနှင့် စစ်တပ် လက် အောက်ခံ နယ်ခြားစောင့် BGF တပ်ဖွဲ့များကို Lion Battalion Commando အပါအဝင် ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ် တပ်စွဲထားသောနေရာများကို မတ် လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်ကာ ဗျူဟာမှူး ဗိုလ်အယ်စေးဝါ ဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်း၊ ကရင့်တော်လှန်ရေး တပ်ဖွဲ့ များနှင့် PDF ပူးပေါင်းစစ် ကြောင်းများက ဝင်ရောက် တိုက်ခိုက်ခဲ့​ပြီး အကြမ်းဖ က် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းမှ ရဲဘော် အရှည်ကြီး ၊ ရဲဘော် မျိုးကြီး နှင့် ရဲဘော် သရဲနီ တို့ ကျဆုံးခဲ့ကြောင်း Lion Battalion မှ ရဲ​ဘော် အညာသားကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article