29 C
Yangon

ချောက်မြို့ရှိ စစ်ကြောရေးတပ်ကို ဝင်ရောက်ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး၊ ခင်ဦးတွင် မိုင်းရှင်းလင်းသည့် စစ်ကြောင်း မိုင်းကွဲ၍ စစ်သား ၅ ဦးသေဆုံး

Must read

ချောက်မြို့ရှိ စစ်ကြောရေးတပ်ကို ဝင်ရောက်ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး၊ ခင်ဦးတွင် မိုင်းရှင်းလင်းသည့် စစ်ကြောင်း မိုင်းကွဲ၍ စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁

မကွေးတိုင်း၊ချောက်မြို့၊ အမှတ် ၁၄ နယ်မြေ၊ ဗိုလ်အိမ်ကုန်းရပ်ကွက်ရှိ စစ်ကြောရေးတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Chauk Guerilla Force မှ ဒုခေါင်းဆောင် ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်က အပြစ်မဲ့ပြည်သူလူထုကို သံသယဖြင့် အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်နေသော စစ်ကြောရေးတပ်ဝင်း၀ရှေ့တွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်သား ၃ ဦးကို ရှေ့တည့်တည့်မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ရှေ့တည့်တည့်ကနေ ဆော်ခဲ့တာဗျ။ အလင်းရောင်အောက်မှာ မတ်တပ်ရပ် ကင်းစောင့်နေတဲ့ ၃ ကောင် ထဲက နှစ်ကောင်သေတယ်၊ ကျနော်တို့ပစ်တဲ့အချိန်မှာ တစ်ကောင်လဲကျသွားတာ မျက်မြင်ပါ၊ နှစ်ကောင် သေတယ်ဆိုတာက စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရတာ၊ အတိအကျသေတာနှစ်ကောင်ပါ ဗျ” ဟု Chauk Guerilla Force မှ ဒုခေါင်းဆောင် ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Chauk Guerrilla Force ချောက်မြို့နယ် ပြောက်ကြားတပ်ဖွဲ့၊ ချောက်( ပကဖ ) အဖွဲ့၊ Hunter Dragon Group. KF People Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အခါအခွင့်သင့်တိုင်း တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူ များအနေဖြင့် ကြောက်ရွံ့စိတ်ကင်းမဲ့ကာ အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ရေးတွင် တတ်နိုင်သမျှ ပါဝင်ကူညီပေးကြပါရန် ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားပူးပေါင်းအဖွဲ့က မေတ္တာရပ်ခံထားသည်။

အလားတူ ယနေ့ မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းက ယာတော်ကျေးရွာနှင့် မန်ကျီးအုပ်ကျေးရွာကြားတွင် ခင်ဦး M.R.D.A တပ်ခွဲ ဖြစ်သော Spring Special Task Force ( S.S.T.F) က ဆင်ထားသော မိုင်းပွိင့်ကို ဖြုတ်ရန်ကြိုးစားခဲ့စဥ် ပေါက်ကွဲမှုဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း Spring Special Task Force ( S.S.T.F) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရေဦးမြို့သို့ ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းမှုများလုပ်ခဲ့ပြီး ရေဦးမြိုပေါ်မှ ကား ၃ စီးကလည်း ရွာသစ်ကုန်းဘက်သို့ စစ်အင်အားထပ်မံဖြည့်တင်းလျက်ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ- Spring Special Task Force ( S.S.T.F) တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article