34 C
Yangon

စစ်ကောင်စီကို ချေမှုန်းမည့် ဒရုန်းများ အင်အားဖြည့်နိုင်ရေး 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်

Must read

စစ်ကောင်စီကို ချေမှုန်းမည့် ဒရုန်းများ အင်အားဖြည့်နိုင်ရေး 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်

■ ကံစမ်းမဲဝယ်သူများ အတွက် ဒရုန်းဗုံးသီးများပေါ်တွင် ဆန္ဒရှိသည့် စာသားများ ရေးသားပေးပြီး စစ်ကောင်စီတပ်ကို ဗုံးကျဲပေးမည်

ရန်ကုန်၊ မတ် ၁၂

စစ်ကောင်စီကို ချေမှုန်းမည့် ဒရုန်းများတွင် အင်အားဖြည့်နိုင်ရေး 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် Saw Dragon Drone Force – SDDF က ဖိတ်ခေါ်လိုက်သည်။

Saw Dragon Drone Force – SDDFအဖွဲ့သည် မတ်လ ၁၅ ရက်နေ့တွင် ၁ နှစ်ပြည့်မည်ဖြစ်ပြီး လက်ရှိတွင် ကောင်းကင်ယံတွင် ဒရုန်းများဖြင့် ပျံဝဲ ချေမှုန်းမည့် 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 အတွက် မဲလက်မှတ်များ ရောင်းချနေကြောင်း ၊ 𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭တွင် ဒရုန်းများ၏ တိုက်ခိုက်စွမ်းရည်နှင့် နည်းပညာအရည်အသွေးများ တိုးတက်စေရေး ပြည်သူများ၏ ထောက်ပံ့ကူညီမှုများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် ဒရုန်းတစ်စီးလျှင် ထိုင်းဘတ် ငွေ ၁ သိန်း ခွဲတန် ကျသင့်သည့် ဒရုန်း ၅ စီးအတွက် ထိုင်းဘတ်ငွေ ၇ သိန်း ၅ သောင်း ရရှိရေး လျာထားကြောင်း သိရှိရသည်။

𝐄𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭တွင် မဲလက်မှတ်အနေဖြင့် တစ်စောင် လျှင် ၁၀,၀၀၀ကျပ် ဖြစ်ပြီး လက်မှတ်အစောင် ၆၅၀၀၊ လက်မှတ်နံပါတ်စဉ် ၀၀၀၁ မှ ၆၅၀၀ထိရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်မှတ်များကို Saw Dragon Drone Force – SDDF၏ လူမှုကွန်ရက် https://www.facebook.com/sawdragondroneforce နှင့် Saw Dragon Drone Force – Battalion-1 တပ်ခွဲ(၁) ၏ လူမှုကွန်ရက် https://www.facebook.com/profile.php?id=100075994804531 တို့တွင် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

မဲအစောင်ရေ ၆၅၀၀ ထဲမှ ကံထူးသူ ၅ ဦးကို မတ်လ ၁၇ ရက်နေ့တွင် ပန်းချီ (ယဉ်) ရေးဆွဲသည့် ပန်းချီကား ၅ ချပ်ကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကံစမ်းမဲလက်မှတ်အစောင် ၂၀ နှင့်အထက်ဝယ်ယူသူများကို ဒရုန်းဖြင့် စစ် တပ်ကို ဗုံးကျဲချိန်တွင် ဗုံးသီးတွင် တော်လှန်ရေးအတွက် ရေးချင်သည့် စာသားများကို ရေးသားပေးပြီး စစ်တပ်ကို မစ်ရှင် တိုက်ခိုက်ပေးသွားမည်ဖြစ်ကြောင်း၊ မှတ်တမ်းများကိုလည်း ကံစမ်းမဲဝယ်သူများထံ ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article