29 C
Yangon

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး ပြည်သူများနှင့် အတူတကွ တိုက်ပွဲဝင်ကြရန် NUCC ခေါင်းဆောင်၊ KNU ဗဟိုတွဲဘက်အတွင်းရေးမှူး ၂ ဖိတ်ခေါ်

Must read

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး ပြည်သူများနှင့် အတူတကွ တိုက်ပွဲဝင်ကြရန် NUCC ခေါင်းဆောင်၊ KNU ဗဟိုတွဲဘက်အတွင်းရေးမှူး ၂ ဖိတ်ခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး အတူတကွ တိုက်ပွဲဝင်ကြရန် NUCC ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ KNU ဗဟိုတွဲဘက်အတွင်း ရေးမှူး ၂လည်းဖြစ်သူ ပဒိုစောလှထွန်းက တိုက်တွန်းပြောဆိုသည်။

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အဖြစ် ၎င်းက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါတိုက်တွန်းချက်ကိုလည်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်လာချိန်တွင် စိန်ခေါ်မှုများ အခက်အခဲများကို ပြည်သူများနှင့်အတူ ရင်ဆိုင် ဖြတ်သန်း နေကြကြောင်း၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေး ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ အခက်အခဲများကို ရင်ဆိုင်နေရသည့် ပြည်သူလူထု၏ ဘ၀ကို စာနာ နားလည်ကြောင်း ၎င်းက ဆိုသည်။

“ဒီ သုံးနှစ်တာ ကာလမှာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ တကယ့်ကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ပြည်သူလူထုရဲ့ သူတို့ဘဝကိုလည်း စာနာ နားလည်ပါတယ်။ အဲဒါကြောင့်မို့လည်း ဒီ အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းပြီးတော့ ကျွန်တော်တို့ အားလုံးအတူတကွ ရှင်တွဲနေထိုင်နိုင်မယ့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီသစ်ကြီးကို ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ အတူ တည်ဆောက်ကြရမှာဖြစ်ပါတယ်။ ဒီအတွက်လည်း ရှေ့ဆက် အနာဂတ်မှာကျွန်တော်တို့ လိုချင်တဲ့ တည်ဆောက်ချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အကောင်အထည်ဖော်၊ တိုက်ပွဲဝင်ရမယ့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုက်ပွဲတွေထဲမှာလည်း လက်ရှိ ပါဝင်နေတဲ့ အခင်းအကျင်းနဲ့အတူ ကျွန်တော်တို့ ပြည်သူတွေလည်း အခု ပါဝင်ဖို့လည်း တိုက်တွန်းပြောကြားလို့ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC အနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဖြစ်ပေါ် ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ အာဏာရှင်ချုုပ်ငြိမ်းရေး အလွန် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု သစ်ကြီးကို ပြည်သူများနှင့်အတူ တိုက်ပွဲဝင်ကြရန် ၎င်းက နှိုးဆော်သည်။

” ဒီ သုံးနှစ်တာကာလအတွင်းမှာလည်း NUCC ရဲ့ အဖွဲ့အစည်း အသီးသီးက ကြိုးစားဆောင်ရွက်နေတဲ့ စိန်ခေါ်မှု ခက်ခဲမှု ပင်ပန်းမှုတွေကိုလည်း စာနာနားလည်ရင်းနဲ့ ကျွန်တော်တို့တွေရဲ့ ကြားမှာ တူညီတဲ့ နားလည်မှု၊ အပြန်အလှန် လေးစား အသိအမှတ်ပြုအောက်ကနေ ပါဝင်ဆွေးနွေးခဲ့ရတဲ့အတွက်ကြောင့်လည်း ဒီအဆင့်အထိကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီအတွက် ရှေ့ဆက်အကောင်အထည်ဖော်ရမယ့် အနာဂတ်နိုင်ငံတော်သစ်အတွက် အတူတကွစုပေါင်းပါဝင်ကြဖို့၊ ရှေ့ဆက်မှာလည်း ပေးဆပ်မှုတွေနဲ့ ကျွန်တော်တို့ အာဏာရှင်ချုပ်ငြိမ်းရေးအလွန် တည်ဆောက်ချင်တဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီးကိုလည်း ပြည်သူလူထုတွေ အပါအဝင် အတူတကွ တိုက်ပွဲဝင်ကြပါစိုလို့ ပြောကြားရင်းနဲ့ပဲ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်သစ်ကြီး အမြန်ဆုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်မယ့် ပြည်ထောင်စုသစ်ကြီးကိုလည်း တည်ဆောက်နိုင်ကြပါစေ” ဟု ၎င်းက ပြောဆို တိုက်တွန်းသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article