33 C
Yangon

စစ်ကောင်စီ လက်အောက်ရှိ ကိုးကန့်​ဒေသ ပြန်​လည်ရရှိရေး MNDAA နှင့်အတူ TNLA ၊ AA တို့ကပါး ပူး​ပေါင်း တိုက်ပွဲဝင်မည်

Must read

စစ်ကောင်စီ လက်အောက်ရှိ ကိုးကန့်​ဒေသ ပြန်​လည်ရရှိရေး MNDAA နှင့်အတူ TNLA ၊ AA တို့ကပါး ပူး​ပေါင်း တိုက်ပွဲဝင်မည်

ရန်ကုန်၊ မတ် ၁၁

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဆုံးရှုံးခဲ့ရသော ကိုးကန့်​ဒေသ ပြန်​လည်ရရှိရေး TNLA နှင့် AA က ပူး​ပေါင်း တိုက်ပွဲဝင်မည်ဟု ၃၄ နှစ်မြောက် MNDAA တပ်မတော်နေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် TNLA နှင့် AA က ထည့်သွင်း ဖော်ပြထားသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ် ၂ ဖွဲ့အနေဖြင့် စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဖြစ်သည့်အလျောက် ကိုကန့်ဒေသ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လက်ထဲသို့ အလုံးစုံ ပြန်လည် ရရှိရေး လုပ်ငန်းများ အပြင် ဘုံစစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက် များကို အကောင်အထည် ဖော်ဆောင် သည့် နေရာများတွင် ညီနောင် မဟာမိတ် စိတ်ဓာတ်အပြည့်ဖြင့် ဆက် လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့ပြင် လက်ရှိချိန်တွင် MNTJP ဥက္ကဋ္ဌအဖြစ် ဦးဖုန်းတာရွှင်မှ ဦးဆောင်ပြီး ၎င်းတို့ ခေတ္တစွန့်ခွာခဲ့ရသည့် ကိုးကန့်နယ်​မြေကို MNTJP/MNDAA လက်ထဲသို့ အလုံးစုံ ပြန်လည် ရရှိရေး၊ ကိုးကန့်အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည် မှန်းချက်များကို အကောင်အထည် ဖော်နိုင်ရေး အတွက် ဘဝတူ ညီနောင်မဟာမိတ်များနှင့် လက်တွဲ၍လည်းကောင်း၊ နွေဦးတော်လှန်ရေး ထဲမှ ပေါက် ဖွားလာသော စစ်အာဏာရှင် စနစ်အား တိုက်ထုတ်နေကြသည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် လည်းကောင်း၊ ဘုံရည်မှန်းချက် တူညီပြီး စုပေါင်း လုပ်ဆောင်၍ ရသော အဖွဲ့အစည်းများ၊ ပြည်သူ့ယုံကြည်မှု၊ ထောက်ခံမှု ရရှိထားသော အဖွဲ့အစည်းများနှင့် လည်းကောင်း MNDAA သည် ဟန်ချက်ညီ တိုက်ပွဲဝင်လျက်ရှိသော အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကန့် အမျိုးသားခေါင်ဆောင် ဦးဖုန်ကြားရှင်သည် MNDAA ကို ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့ စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးသည်ကို လက်မခံသည်ကို အကြောင်းပြကာ တိုက်ခိုက်ခြင်း ခံရကြောင်း၊ ကိုးကန့် အထူးဒေသ ၁ အဖွဲ့အစည်းအနေဖြင့် မိမိလူမျိုးအချင်းချင်း မတိုက်ခိုက်လိုသည့်အပြင် ပြည်သူကို ငဲ့ညှာသောအားဖြင့် ယင်း ဒေသအား စွန့်လွှတ်ခဲ့သည်မှာ ၁၄ နှစ်နီးပါး ရှိခဲ့ပြီးဖြစ်ကြောင်း ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြပါရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article