29 C
Yangon

ဒီးမော့ဆို မြို့နယ်ရှိ စစ်ဘေးရှောင် စခန်း တစ်ခုတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သင်တန်း ပို့ချ

Must read

ဒီးမော့ဆို မြို့နယ်ရှိ စစ်ဘေးရှောင် စခန်း တစ်ခုတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သင်တန်း ပို့ချ

ရန်ကုန်၊ မတ် ၂

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းဟတစ်ခုတွင် စစ်ဘေးရှောင် အမျိူးသမီးများကို အမျိူးသမီးများအတွက် အမျိူးသမီးဖောင်ဒေးရှင်း WWF နှင့် ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းကာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး သင်တန်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း နေ့စဥ် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ အကြား အိုးအိမ် ပျက်စီးမှုများ အကြား မိသားစု အသက်များ ပေးဆပ်မှု ကြီးကြီးမားမား ဖြစ်ပေါ်ပြီး စိတ်ဖိစီးမှု မြောက်များစွာဖြင့် ရင်ဆိုင်နေရသူများအတွက် ကရင်နီ စစ်ရှောင်ပြည်သူများ စိတ်ခွန်အားရစေရန် ယင်းသင်တန်းကို ပို့ချ ပေးရခြင်းဖြစ်ကြောင်း ကျေးလက်မြေအဖွဲ့၏ နာယကတစ်ဦးဖြစ်သူ ဦးဇော်မင်းထိုက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article