30 C
Yangon

“မင်းအောင်လှိုင်ကို ကာကွယ်ရင်း အသေခံမလား”၊ “နိုင်ငံတကာ ခုံရုံး တက် မလား” ၊ “ပြည်သူ့ရင်ခွင် လိပ်ပြာလုံစွာ ခိုလှုံမလား” ဟု စစ်သားနှင့်ရဲများကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နောက်ဆုံးအကြိမ်အဖြစ် သတိပေး

Must read

“မင်းအောင်လှိုင်ကို ကာကွယ်ရင်း အသေခံမလား”၊ “နိုင်ငံတကာ ခုံရုံး တက် မလား” ၊ “ပြည်သူ့ရင်ခွင် လိပ်ပြာလုံစွာ ခိုလှုံမလား” ဟု စစ်သားနှင့်ရဲများကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နောက်ဆုံးအကြိမ်အဖြစ် သတိပေး

■ ပြည်သူ့ရင်ခွင်တံတား မကြာမီပိတ်တော့မည်

ရန်ကုန်၊ မတ် ၃၀

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်သား၊ ရဲများအနေဖြင့် “မင်းအောင်လှိုင်ကို ကာကွယ်ရင်း အသေခံမလား”၊ “နိုင်ငံတကာ ခုံရုံးတက်မလား” ၊ “ပြည်သူ့ရင်ခွင် လိပ်ပြာလုံစွာ ခိုလှုံမလား” ဆိုသည်ကို ဆုံးဖြတ်ရမည့် အချိန်ရောက်ရှိပြီဖြစ်ကြောင်း အမျိုး သား ညီ ညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း သတိပေး ပြောဆို လိုက် သည်။

ယနေ့ NUG က တရားဝင် ထုတ်ပြန်ထားသော သတိပေးတိုက်တွန်းသည့် မိန့်ခွန်းတွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အထက်ပါအတိုင်း သတိပေး လိုက်ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးသည် ၂ နှစ်တာကလအတွင်း အရှိန်အဟုန် ကောင်း ကောင်း ဖြင့် ချီတက်နေပြီး ပြိုလဲရန် မရှိတော့ကြောင်း၊ ခိုင်မာစွာဖြင့် စစ်အာဏာရှင် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီ ချီတက် လှမ်းနေပြီ ဖြစ်ကြောင်း၊ စစ်သားများ၊ ရဲများအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံရန် နောက်ဆုံး အချိန် ရောက်ရှိနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

“အခုအချိန်အထိ အကြောင်းအမျိုးမျိုးပြပြီး အကြမ်းဖက် စစ်ဗိုလ်ချုပ်တွေကို အသက်ပေး ကာကွယ်စောင့်ရှောက်နေကြတဲ့ တပ်မတော်သား၊ ရဲတပ်သား တွေကို ကျုပ် ပြတ်ပြတ်သားသားပဲ ပြောချင်ပါတယ်။ အကြမ်းဖက် စစ်ဗိုလ် ချုပ် တွေကို အကာအကွယ်ပေးရင်း အသေခံမလား၊ တော်လှန်ရေးထဲကို အမြန်ပူးပေါင်းပါဝင်ပြီး ပြည်သူလူထုကို အလုပ်အကျွေးပြုမလား ဆိုတဲ့ လမ်း နှစ်သွယ်ထဲက တစ်ခုခုကို ခင်ဗျားတို့ ရွေးချယ်ပါ။ အခုအချိန် အချိန်မီ ပါသေး တယ်။ ပြည်သူ့ရင်ခွင်တံတား ပိတ်တဲ့အခါမှ ရင်ဘတ်စည်တီး ငိုညဉ်းပြ နေကြ မယ့်အစား အခွင့်သာတုန်းမှာ ရုန်းလိုက်ကြဖို့ သတိပေးရင်း တိုက်တွန်း လိုက် ပါတယ်။ ပြည်သူ့အရေးတော်ပုံကြီးကနေ ကြိုဆိုနေပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များ လက်အောင်တွင် အကြမ်းဖက် စစ်တပ် သည် ပြည်သူလူထုကို နှိပ်စက် သတ်ဖြတ်သည့် ပြည်သူ့ အသက်အိုး အိမ်စည်း စိမ်ကို လုယက် ဖျက်ဆီးသည့် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကို အသွင်ပြောင်းသွားခဲ့ပြီဖြစ်ကြောင်း၊ စစ်သားနှင့်ရဲများ CDM ဝင်ကြရန် တိုက် တွန်း လိုကြောင်း ၎င်းက ရှင်းပြသည်။

“ပြင်ပမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို မသိရအောင် သတင်း အမှောင်ချထားပြီး အတုအယောင်အလိမ်အညာ တွေ ပြည့်နေတဲ့ စစ် ခေါင်း ဆောင်တို့ရဲ့ ဝါဒမှိုင်းတိုက် Brain Wash လုပ်ခြင်းကို အသိဉာဏ်ပညာနဲ့ ကျော်လွှားနိုင်တယ်ဆိုတာ ပြည်သူနဲ့ ဓမ္မဘက်ရပ်တည်ခဲ့ကြတဲ့ သောင်းနဲ့ချီတဲ့ တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖော်ပြနေပါတယ်။ ခင်ဗျားတို့ ရင်ဆိုင် နေကြရတာက မြန်မာနိုင်ငံအနှံ့ တိုင်းရင် းသားတော်လှန်ရေး အင် အားစု တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ၊ ဒေသ ကာကွယ်ရေး တပ်တွေနဲ့ သူတို့နောက်မှာ အသင့်အမြဲရှိနေတဲ့ ပြည်သူလူထု တစ်ရပ်လုံး ဖြစ်တယ်ဆိုတာ သိနားလည်ကြဖို့ လိုပါတယ်။ ခင်ဗျားတို့ အထင်ကြီးနေတဲ့ စစ်တပ်က အဘက်ဘက်က ယိုယွင်းနေပြီဖြစ်လို့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေထုတ်ပြီး ပြည်သူနဲ့ ပြည်သူ ရန်တိုက်ပေးတာတွေ။ တိုင်းရင်း သား အချင်းချင်း ရန်တိုက်ပေးတာတွေ၊ သက်ကြီးရွယ်အို စစ်မှုထမ်း ဟော င်းတွေကိုတောင် ပြန်ထုတ်သုံးရနေတာတွေ စတဲ့ ယုတ်ညံ့တဲ့ လုပ်ရပ်တွေက မနည်းကျားကန်နေရတဲ့ အခြေအနေကို သိမြင်ကြပါ။ မိမိတို့ ကာကွယ် စောင့်ရှောက်ရမယ့် ပြည်သူကို ရန်သူလို သဘောထားပြီး ကလေးသူငယ်၊ သက်ကြီးရွယ်အိုပါ မချန် ပစ်ခတ်သတ်ဖြတ်ကြတဲ့အပြင် သက်မဲ့ အိုးအိမ်စည်း စိမ်တွေကိုပါ လုယက် သတ်ဖြတ်နေကြတဲ့ မြန်မာစစ်တပ်ကို ပြည်သူလူထု တစ်ရပ်လုံးက စိတ်အနာကြီး နာနေကြပြီဖြစ်သလို မြန်မာနိုင်ငံသားတွေရဲ့ စိတ်ရင်းအတိုင်း သည်းခံစိတ်ကြီးစွာနဲ့ ပြည်သူ့ရင်ခွင်တံတားကို ဖွင့်ထားပြီး အမြင်မှန်ရ စစ်အာဏာရှင်တွေရဲ့ စတေးခံ ဘ၀ကနေ ရုန်းထွက်လာကြမယ့် တပ်မတော်သား ရဲတပ်သားတွေ ကို အခုအချိန်အထိ လက်ကမ်းကြိုဆိုနေဆဲပါ” ဟု ဝန်ကြီးချုပ်က ပြောသည်။

အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ကာကွယ်ရင်း သေ ဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ သောင်း ကျော်ရှိနေပြီဖြစ်ကြောင်း၊ NUG အစိုးရ ကလည်း တတ်စွမ်းသမျှ CDM စစ်သားများနှင့် ရဲများကို မိသားစုပါ မကျန် အကူ အညီပေးနေသည်ဟု ဝန်ကြီးချုပ်က အသိပေးပြောဆိုသည်။

” ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ နွေဦးတော်လှန်ရေး ကာလ အတွင်း စစ်ခေါင်းဆောင်တွေကို အသက်ပေး ကာကွယ်ခဲ့ကြတဲ့ တပ်သား ၃ သောင်းကျော် သေဆုံးခဲ့ကြပြီဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော် သားတွေအ နေ နဲ့ မင်းအောင်လှိုင်ဘက်မှာ ဆက်လက်ရပ်တည် အသေခံမလား၊ စစ် ရာဇ ဝတ်မှု နဲ့နိုင်ငံတကာ ခုံရုံတက်မလား၊ ဒါမှမဟုတ် ပြည်သူ့ဘက်မှ မားမားမတ် မတ်ရပ်ပြီး လိပ်ပြာလုံစွာနဲ့ အနာဂတ်မှာ ရပ်တည်မလားဆိုတာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီလို မဖြစ်မနေ ရွေးချယ်ရမယ့် အခြေအနေကို မကြာမီ ကာလမှာ ရောက်ရှိလာမှာလည်းဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆို သည်။

အကြမ်းဖက်စစ်တပ်က တရားမဝင် အာဏာရယူချိန်မှ ယနေ့ အချိန်အထိ ပြည်သူ့ ရင်ခွင် ခိုလှုံ CDM ဝင်ရောက်လာသူ တပ်မတာ်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၁၄၀၀၀ ဝန်းကျင် ရှိပြီး လုံခြုံရေးအရ အခြေအနေအရ မချိတ်ဆက်မိသေးဘဲ စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို စွန့်ခွာလာသူ အများအပြားလည်းရှိကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သား ရဲတပ်သားများ၊ မိသားစုဝင်များ စုစုပေါင်း ၆၀၀၀ နီးပါးကို ကူညီထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article