29 C
Yangon

မလေးရှားနိုင်ငံ၊ ပုတ်ကလန်းမြို့တွင် ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးသည့် UG မြို့ပြပျောက်ကျား ရုပ်ရှင် ပြသနေပြီး ကြည့်ရှု့သူ များပြား

Must read

မလေးရှားနိုင်ငံ၊ ပုတ်ကလန်းမြို့တွင် ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးသည့် UG မြို့ပြပျောက်ကျား ရုပ်ရှင် ပြသနေပြီး ကြည့်ရှု့သူ များပြား

ရန်ကုန်၊ မတ် ၅

မလေးရှားနိုင်ငံ၊ ပုတ်ကလန်းမြို့၌ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးသည် “UG မြို့ပြပြောက်ကျား” ရုပ်ရှင်ကို ယနေ့ မတ်လ ၅ ရက်နေ့မှ စတင်ကာ ပြသနေပြီး ကြည့်ရှု့သူ များပြားလျက်ရှိကြောင်း သိရသည်။

ရုပ်ရှင်ပြပွဲအား ရွှေဝါရောင်ဖောင်ဒေးရှင်းမှ ဦးဆောင်ကျင်းပပြီး မလေးရှားနိုင်ငံ အတွင်းရှိ စစ်အာဏာရှင်တော်လှန်ရေး အသင်းအဖွဲ့များမှ ပူးပေါင်းပါဝင် ဝန်းရံခဲ့ကြောင်း၊ တော်လှန်ရေး အင်အားစုများမှ မြန်မာမှု အိုးစည်ဒိုးပတ်များနှင့် ဖျော်ဖြေခြင်း အစီအစဥ် များလည်း ပါဝင်ကြောင်း၊ အထူး အစီအစဉ် တစ်ရပ်အနေဖြင့် မလေးရှားပိတောက်အဖွဲ့၏ “ နွေပြန်ရာသီ “ တော်လှန်ရေးပြဇာတ်အားကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့ပြင် အခမ်းအနား အစီအစဉ်ကို နံနက် ၉ နာရီမှ စတင်ခဲ့ ပြီး CSP အမှန်တရား ဘက်တော်သားများ တေးဂီတ အဖွဲ့မှ ခေတ်ပေါ် တေးသီချင်းများဖြင့် တီးခက်ဖျော်ဖြေခြင်း၊ “ပြည်သူ့အား နွေဦးသံစဉ်အဖွဲ့” မှ မြန်မာသံတေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရုပ်ရှင်ပြပွဲသို့လာရောက်ဝန်းရံသော တော်လှန်ရေး ညီအကိုမောင်နှမများအတွက် တော်လှန်ရေးဈေးရောင်းပွဲတော်တစ်ရပ်လည်း ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article