38 C
Yangon

ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ရသော လေ ကြောင်း တိုက်ခိုက် ခံရမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် PDF အလံကို ၅ ရက်တိတိ တိုင်ဝက် လွှင့် ထူရန် NUG ညွှန်ကြား

Must read

ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ရသော လေ ကြောင်း တိုက်ခိုက် ခံရမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် PDF အလံကို ၅ ရက်တိတိ တိုင်ဝက် လွှင့် ထူရန် NUG ညွှန်ကြား

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ပြည်သူ ၁၀၀ ကျော်သေ ဆုံး ခဲ့ ရသော လေကြောင်းတိုက်ခိုက်ခံရမှု ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် PDF အလံများကို နိုင်ငံတစ်ဝန်း ဧပြီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ၅ ရက် တိတိ တိုင်တစ်ဝက် လွှင့်ထူထားရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် ညွှန်ကြားချက် ထုတ်ပြန်သည်။

ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အရပ်သားများ ရပ်ရွာအရေး စုစည်း တိုင်ပင် နေသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေ ကြောင်း မှ တိုက်ခိုက်ခံရသည့် ဖြစ်စဥ်အတွင်း ကလေးသူငယ်များ၊ ကိုယ်ဝန် ဆောင်အမျိုးသမီးများအပါအဝင် အရပ်သားများ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း၊ သေဆုံးသွားသော အပြစ်မဲ့ အရပ်သားပြည်သူများအတွက် ဝမ်းနည်း ခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များအားလုံး PDF အလံတော်ကို တိုင်ဝက် လွှင့်ထူခြင်းဖြင့် ဝမ်းနည်းကြောင်းပြသရန် ကာကွယ်ရေးဝန်ကြီးဌာနက ညွှ န်ကြား ထားကြောင်း သိရှိရသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားစာတွင် “ယခုကဲ့သို့ လေကြောင်းတိုက် ခိုက် ခံရမှုမျိုးကို ရှောင်ရှားနိုင်ရန် သက်ဆိုင်ရာ ကွပ်ကဲမှုအဆင့်ဆင့်မှ ချမှတ် သော စည်းကမ်းချက်များကို ကိုယ်တိုင် တိတိကျကျ လေးစား လိုက်နာ ကြ ရန် လိုအပ်သကဲ့သို့ အရပ်သား ပြည်သူများ ထိခိုက်မှုမရှိ​စေ​ရေး အသိ​ပညာ ပေးမှု များ၊ လိုအပ်​သော ကြိုတင်ကာကွယ်မှု အစီအမံများ ​ဆောင်ရွက်ထား ရှိကြရမည်” ဟု ပါရှိသည်။

စစ်အုပ်စု၏ လူမဆန်မှု​ကြောင့် ထိခိုက်ကျဆုံးခဲ့ရ​သော ကလေးသူငယ်များ အပါ အဝင် အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် PDF၊ ပကဖ တပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများအားလုံး ယ​နေ့ ဧပြီလ ၁၁ ရက် နေ့ မှ ၁၅ ရက်နေ့ အထိ ​ပြည်သူ့တော်လှန်ရေးအလံတော်ကို တိုင်ဝက်ချ အလေး ပြုကြရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article