36 C
Yangon

ထီးချိုင့်၊ ဆင်ဖြူဆိပ် အရှေ့ရွာကို စစ်တပ်က မီးရှို့နေ၊ ခင်ဦးရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ထီးချိုင့်၊ ဆင်ဖြူဆိပ် အရှေ့ရွာကို စစ်တပ်က မီးရှို့နေ၊ ခင်ဦးရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဆင်ဖြူဆိပ် အရှေ့ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့တွင် မွန်းလွဲ ၁၂ နာရီ ၁၄ မိနစ်ခန့်တွင် ထီးချိုင့်မြို့နယ်၊ ဆင်ဖြူဆိပ် အရှေ့ရွာကို အကြမ်းဖက် စစ်တပ်က အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

” ဆင်ဖြူဆိပ် အရှေ့ရွာကို စစ်ခွေးတွေ ရွာအနောက်ခြမ်းကနေ စပြီး မီးရှို့နေ​တယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ထိခိုက်မှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ခင်ဦးမြို့နယ်ရှိ တပင်ကောင်း တောင်ရွာနှင့် မြောက်ရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၅ ရက်နေ့ ညပိုင်းတွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” စစ်ခွေးတွေက အခုထိ စစ်ကြောင်းတွေ တောက်လျောက်ထိုးနေလို့ တပင်ကောင်း တောင်နဲ့မြောက်ရွာက ပြည်သူတွေ ရွာလုံးကျွတါ ထွက်ပြေးနေရတယ်။ အခုထိ ရွာထဲကို ပြန်မဝင်နိုင်သေးတော့ ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ဆင်ဖြူဆိပ် အရှေ့ရွာကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article