30.5 C
Yangon

ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေရှိ မတ်လအတွင်း တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၉၂ ဦးသေဆုံးပြီး KNLA ရဲဘော် ၄ ဦးကျဆုံး

Must read

ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေရှိ မတ်လအတွင်း တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၉၂ ဦးသေဆုံးပြီး KNLA ရဲဘော် ၄ ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၄

ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေရှိ မတ်လ အတွင်း တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၉၂ ဦးသေဆုံးကြောင်း KNU-မူတြော် သတင်းစဥ် ထုတ်ပြန်ချက် အရ သိရသည်။

KNLA-အမှတ် ၅ တပ်မဟာနှင့် အကြမ်းဖက် စစ်တပ် အပါအဝင် ၎င်း၏ ခါးပိုက်ဆောင်တပ် BGF (နယ်ခြားစောင့်တပ်)တို့ အကြား ထိတွေ့တို က်ပွဲပေါင်း ၁၉၀ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် BGF ဘက်မှ ၉၂ ဦးသေဆုံးပြီး ၄၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးစာရင်းထဲတွင် တပ်ခွဲမှူး ၁ ဦးနှင့် တပ်ကြပ်ကြီး ၂ နှစ်ဦး ပါဝင်ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း KNLA-အမှတ် ၅ တပ်မဟာမှ အကြမ်းဖက် စစ်တပ်၏ စစ်သုံး မော်တော်ယဥ် ၃ စီးနှင့် ဆိုင်ကယ် ၁ စီးတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ KNLA – အမှတ် ၅ တပ်မဟာဘက်မှ စစ်သည်တော် ၄ ဦး ကျဆုံးခဲ့ကာ ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံး ၁၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများနေထိုင်သည့် ကျေးရွာများနှင့် ဥယဥ်ခြံမြေများကို လက်နက်ကြီး ၁၄၂ လုံး ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article