28 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မဏိပူရမြစ်ပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ဗာရ်းစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၄ ဦး သေသွားပြီး ၁၁ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ CNDF က ထုတ်ပြန်လိုက်ပါတယ်။

– ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာ ပိန်းကန်ရဲစခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီဝင်တွေကို ဧပြီလ ၁၀ ရက်နေ့က ၈၁ မမ ရှော့တိုက်လက်နက်ကြီးဒုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ( PDF ခရမ်း) က သတင်းထုတ်ပြန်ပါတယ်။

– ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်နေတာ ကြောင့် နေအိမ်တချို့ ပျက်စီးပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသပြည်သူတွေက ပြောပါတယ်။

– အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတ ဒူဝါလရှီးလနဲ့ ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တို့အကြား AA ထူထောင်မှု ၁၄ နှစ် ပြည့်အဖြစ် အပြန်အလှန်ပေးပို့တဲ့သဝဏ်လွှာတွေဟာ နှစ်ဖွဲ့အကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ပြသနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article