29 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီး- ကျေးရွာ ရုံးဖွင့်ပွဲ ကို ကျောင်းသား ကျောင်း သူ ကလေးငယ်တွေနဲ့ အရပ်သား ပြည်သူတွေ တက်ရောက်နေတဲ့ အချိန် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ နဲ့ တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်နဲ့ ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ အရေအတွက်ဟာ အယောက် ၁၀၀ ကျော်သွားပြီ ဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုထားပါတယ်။

– မကွေးတိုင်း၊ကျောက်ထုနယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ဒေသကာကွယ် ရေး တပ်ဖွဲ့တွေကြား ဧပြီလ ပထမပတ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ အကြမ်း ဖက် စစ်ကောင်စီ ဘက်က ၁၅ ဦးသေသွားတယ်လို့ ကျောက်ထု PDF က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ၊ ကသစ်ကုန်းရွာမှာ ညအိပ်ပြီး ကောလင်းဘက်ကို ကူးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီ ဘက်က ၃ ဦးသေပြီး ၂ ဦး ပြင်းထန် ဒဏ်ရာ ရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article