33 C
Yangon

Update News- ကန့်ဘလူတွင် စစ်တပ်၏ ဗုံးကျဲမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်တွင် ကျောင်းသားကျောင်းသူ ၃၀ ကျော် ပါဝင်

Must read

Update News- ကန့်ဘလူတွင် စစ်တပ်၏ ဗုံးကျဲမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်တွင် ကျောင်းသားကျောင်းသူ ၃၀ ကျော် ပါဝင်

■ အလောင်းကောက်ယူနေသည့် လုပ်ငန်းများ မလုပ်နိုင်ရေးအတွက် စစ် တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပဇီကြီးကျေးရွာတွင် ယနေ့ နံနက်ပိုင်း စစ်တပ်က လေ ကြောင်းမှ တစ်ဆင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ ၁၀၀ ကျော်တွင် ကျောင်းသားကျောင်းသူ ၃၀ ကျော် ပါဝင်သွားကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

“လပြည့်ဝန်းခန်းမ ဆိုတာကို ဖွင့်တယ်။ အဲဒီအထဲမှာ သေတာက ကျေးရွာ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ခေါင်းကြီးပိုင်းတွေ အဲဒါက ၅၀ ထက်မနည်းဘူး။ ကျေးရွာ ခေါင်းကြီးပိုင်းတွေ သေသွားတာကိုက ၅၀ထက်မနည်းဘူး မီး ကျွမ်းနေပြီ ရေတွက်မရဘူး။ အဲ့ဒီ ခန်းမရှေ့မှာ ထမင်းကျွေး မဏ္ဍပ် ထဲမှာ ၁၇ဝိုင်း အပြည့် ထ မင်းကျွေးနေတယ်။ ကျောင်းသားတွေကျောင်းမတက်ခင် ထမင်းသွားစားကြတာဆိုတော့ ကျောင်းသားသူ ၃၀ထက်မနည်းသေဆုံးပါတယ်။ ထမင်းဝိုင်းကျွေးတဲ့သူနဲ့ ထမင်းစားနေကြသူ အားလုံး အပြင်မှာ ၉၀ ကျော်ရှိ ပါတယ်။ လေယာဉ်က ချတဲ့​​ဗုံးက ထမင်းကျွေး မဏ္ဍပ်ပေါ် တည့်တည့်ကျတာ။ ထမင်းကျွေး မဏ္ဍပ်ရော ထမင်းဝိုင်း ၁၇ဝိုင်းရော ဘာမှမတွေ့ရတော့ဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ယင်းနောက် စစ်တပ်က Mi35 လေယာဉ်ဖြင့် ပစ်ခတ်ရာတွင် သေဆုံးသူ ၅၀ ကျော်ခဲ့ပြီး တိုက်လေယာဉ် ဗုံးကျဲချမှုကြောင့် သေဆုံးသူများမှာ အစအန ပင်ရှာ မရကြောင်း သိရှိရသည်။

“အခုရေတွက်လို့ရတဲ့ အလောင်း ၅၀ ကျော်က Mi35 နဲ့ပစ်လို့ သေတဲ့သူတွေ ။ ဂျက်ဖိုက်တာနဲ့ ဗုံးချလို့သေတဲ့သူတွေက အစအနကိုရှာမရတော့ဘူး။ ရွာထဲ အနီးအနားက အိမ်ပေါ်မှာ အူတွေတင်လို့တင် လမ်းမတွေပေါ်မှာ ဦးနှောက် တွေ၊ ခြေထောက်တစ်ခြား လက်တခြား ဆံပင်တွေကတစ်ခြား ပေ၇၀ လောက် ထိ လွင့်သွားတာတွေကအများကြီးပဲ။ အ​လောင်း​တွေရှင်းမပြီး​သေးဘူး” ဟု ကူညီကယ်ဆယ်ရေး သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် နေက အလွန်ပူပြင်းပြီး စစ်ကောင်စီက ယနေ့ ညနေ ၅ နာရီ ၃၅ မိနစ်မှ ၄၀ မိနစ်အထိ ၃ ကြိမ် ဂျက်တိုက်လေယာဉ် ပျံဝဲပြီး ဗုံး ၄ လုံး ထပ်မံ ကျဲချသွားကြောင်း၊ ထို့ကြောင့် အလောင်းကောက်ယူရေး လုပ်ငန်းများ နှောင့်နှေးနေကြောင်း သိရှိရသည်။

“နေကအရမ်းပူတယ်။ ရွာကလူတွေတော်တော်သေတော့ လုပ်မယ့်သူမရှိ။ နီးစပ်ရာက လုပ်နိုင်သလောက်လေးပဲစုပုံနေရတယ်။ အခု ဂျက်ဖိုက်တာဖြင့် ညနေ ၅နာရီ ၃၅မှ ၄၀မိနစ်ထိ ၃ကြိမ်ဝဲ ၄လုံးထပ်ချ နေဆဲ သက်သေ မကျန် အောင် ဆက်ပစ်နေဆဲ။အလောင်းကောက်မရအောင် ဆက်တိုက် ပစ်နေ ပါ တယ်” ဟု ကယ်ဆယ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် အလောင်းများကို မသဂြိုလ်နိုင်သေးဘဲ စုပုံပြီး အပျက်အစီးများ အကြားမှ ဒဏ်ရာရသူများကို ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သိရှိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article