30 C
Yangon

စစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အာဆီယံက အားပေး အား မြှောက် ကူညီနေတာလား

Must read

စစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အာဆီယံက အားပေး အား မြှောက် ကူညီနေတာလား

By အီဂေါဗလာဇီဗစ်

အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဆိုရှယ်မီဒီယာပေါ်မှာ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ‌ကော့်ကင်ဟွန်းက “မြန်မာနိုင်ငံ အာဆီယံ အမြဲ တမ်း ကိုယ်စားလှယ် အောင်မျိုးမြင့်”ကို လက်ခံတွေ့ဆုံတယ် ဆိုပြီး ကြေညာပါ တယ်။

ရေးထားတဲ့ပုံစံက “မြန်မာနိုင်ငံကိုကူညီဖို့ အထူးသဖြင့် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးဟာ အာဆီယံ ဥက္ကဌနဲ့ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အတူ လက်တွဲဆောင်ရွက်ဖို့ သန္နိဌာန်ကို ဒေါက်တာ‌ကော့်က တစ်ဖန်ခိုင်မာစေပြန်” လို့ရေးထားပါတယ်။

ဒီထုတ်ပြန်ချက်အနောက်က ခပ်ရိုင်းရိုင်း အဖြစ်မှန်ကတော့ အာဆီယံ အတွင်း ရေးမှူး ရုံးဟာ စစ်တပ်က စစ်ရာဇဝတ်မှုတွေကျူးလွန်ပြီး တရားမဝင် အာဏာ လု ယူဖို့ ကြိုးစားနေတာကို အကူအညီပေးဖို့ အကြောင်းပြောနေကြတယ် ဆိုတာပါပဲ။

အောင်မျိုးမြင့်ဟာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်မဟုတ်ပါဘူး။ သူက ပြည်သူ တွေရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး အာဏာသိမ်းယူဖို့ကြိုးစားနေတဲ့ လူသတ် ဂိုဏ်းတစ်ခုက လွှတ်ထားတဲ့လူပါ။ ဒီလူတွေဟာ ဒီလိုကြိုးစားနေတာ ၂ နှစ် ရှိလာပါပြီ။ အခုထိ မအောင်မြင်သေးတာပါ။

မစ္စတာ အာဆီယံအထွေထွေ အတွင်းရေးမှူးကြီး ဒေါက်တော ကော့်ကင်ဟွန်း အနေနဲ့ ဒါကို မမြင်တာလား။ ဒီလူက ပြည်သူ့ဘဏ္ဍာကို ကိုယ့်အိတ်ထဲ ကဲ့ပြီးခိုး ဝှက်လုယက်နေကြတဲ့ ယူနီဖောင်းဝတ် မာဖီးယား တစ်စုရဲ့ ကိုယ်စားလှယ်ပါ။

ဒီလူစုဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကနေ ‌တင်မြှောက် လိုက် တဲ့ တရားဝင် ပြည်သူ့ကိုယ်စားလှယ်ပေါင်းများစွာကို ဖမ်းဆီးထား ကြ ပါတယ်။

ဒါပေမယ့် ရွေး‌ကောက်ခံတွေကို လူကုန်အောင်ဖမ်းလို့မရတော့ ပြည်သူတွေ ရွေး ထားတဲ့ တချို့အမတ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရကို တခြား ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ သဘောတူညီမှုကိုရထားတဲ့ သက်ဆိုင်ရာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဖွဲ့စည်းထားကြပါတယ်။ မြန်မာမှာ တရားဝင်တဲ့ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေရှိပါတယ်။ အဲဒါက NUG ပါ။

မစ္စတာ အာဆီယံအထွေထွေ အတွင်းရေးမှူးကြီး ဒေါက်တော ကော့်ကင်ဟွန်း အနေနဲ့ ဒါကို မသိထားဘူးလား။ ခင်ဗျားတွေ့ဆုံနေတဲ့ အောင်မျိုးမြင့်က အင်မတန် ဆိုးရွားလှတဲ့ အစုလိုက် အပြုံလိုက်လူသတ်မှုကြီး ပေါင်းများစွာ ကျူး လွန်ခဲ့တဲ့အထဲက ပိုပြီးဆိုးရွားတဲ့ အတိုင်းအဆကို လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ကျူး လွန်ခဲ့တဲ့ စစ်ရာဇဝတ်သားတွေရဲ့ ကိုယ်စားလှယ်ပဲ။

ဒီရာဇဝတ်သားတွေဟာ သူတို့ကို ဆန့်ကျင်ရဲ ဆန့်ကျင်ကြည့် ဒီလို အစုလိုက် အပြုံလိုက်သတ်ပစ်ခွင့် သူတို့မှာ ရှိတယ်လို့ ဂုဏ်ယူပြီးပြောဆိုနေကြတဲ့ လူတွေ ရဲ့ ကိုယ်စားလှယ်ဆိုတာ ခင်ဗျားမသိဘူးလား။ မစ္စတာ အာဆီယံ အထွေထွေ အတွင်းရေးမှူးကြီး ဒေါက်တော ကော့်ကင်ဟွန်းအနေနဲ့ သတိ မထား မိဘူးလား။

အသက် ၁၅ နှစ်အောက် ကလေးငယ် အယောက် ၃၀ လောက်ပါတဲ့ လူပေါင်း တစ်ရာကျော်ကိုသတ်ပစ်လိုက်တဲ့ ဒီလူသတ်ပွဲကြီးကို အာဆီယံ အတွင်းရေးမှူး ရုံးဟာ အနှစ်သာရဘာမှ မပါတဲ့ ဝတ်ကျေတန်းကျေ ကြေညာချက်တွေပဲ ထုတ် ခဲ့ ပါတယ်။ ထုတ်ပြီးတာနဲ့ လုပ်နေကျအတိုင်းပဲ စစ်ခေါင်းဆောင်တွေကို မျက်နှာ ချိုသွေးပြီး ခါတိုင်းလိုပဲ ပုံမှန်ပြန်ဆက်ဆံတဲ့ဘက်ကို မအောင့်တောင် မအောင့်နိုင်ဘဲ ဆက်လုပ်ပါတယ်။

အာဆီယံအတွင်းရေးမှုးချုပ်ရုံးက စာက “မြန်မာကို လူသားချင်းစာနာမှု အထောက် အကူတွေ ပေးပြီး ဆက်လက်ကူညီဖို့ သန္နိဌာန်ပြု” လို့ ဆိုထားပါ တယ်။ ဒါဟာ တကယ့်ကိုကြေကွဲစရာလည်းကောင်း အဓိပ္ပါယ်လည်း မရှိတဲ့ လုပ်ရပ်ပါ။

မြန်မာစစ်အာဏာရှင်တွေဟာ နှစ်နှစ်လုံးလုံး နေ့စဉ်ရက်ဆက် ရက်စက်မှုတွေ တစ်ခုပြီးတစ်ခု ကျူးလွန်နေတာပါ။ စစ်တပ်ဟာ လူတွေကို သူတို့ ရပ်ရွာ တွေကနေ မောင်းထုတ်ပြီး ရွာတွေကို မီးရှို့ပစ်နေတယ်။ စစ်တပ်ဟာ အရပ် သား ပြည်သူတွေကို တိုက်လေယာဥ်နဲ့ ပစ်နေတယ်။ စစ်တပ်ဟာ လူတွေ အတိ ဒုက္ခရောက်ပြီးအရေးပေါ်အခြေအနေတွေရင်ဆိုင်နေရတဲ့ အဖြစ်မျိုးတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတယ်။

ဒီနှစ်နှစ်စလုံးမှာ အာဆီယံက မြန်မာကို လူသားချင်းစာနာမှုအကူအညီပေး ရေး ကိစ္စ ပဲ ပြောနေခဲ့တယ်။ ဘယ်သူတွေနဲ့ ပြောနေတာလဲ။ လူသားချင်း အတိဒုက္ခ ရောက် ရတဲ့ကိစ္စတွေကို ဖန်တီးနေကြတဲ့သူတွေ လူသားချင်းစာနာမှု အကူ အညီ တွေကို လိုတဲ့နေရာ မပို့နိုင်အောင် ပိတ်ဆို့ထားကြတဲ့သူတွေနဲ့ ပြောနေတာ။

တစ်ချိန်တည်းမှာပဲ အာဆီယံဟာ ဘာအကူအညီမှ ပေးမနေဘူး။ ဘာအကူ အညီပေးသလဲ။ သုညပဲ။ လက်ဗလာနဲ့ အနှစ် အသားမပါတဲ့စကားပဲ ထိုင်ပြော နေ တယ်။

ဒီဟာက ခင်ဗျားတို့ ကြေညာချက်နဲ့ တွဲထားတဲ့ ဓာတ်ပုံအနောက်က တကယ့် ဖြစ်ရပ်မှန်ပဲ။ အခုချိန်ထိ အာဆီယံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာပြည်ကို ဘာမှ မကူညီနေကြပါဘူး။ သူတို့ဟာ လူသတ်ကောင်တွေကိုပဲ ရက်စက်မှုတွေ ဆက်ကျူးလွန်နိုင်အောင် လက်ကမ်းပေးနေကြတာပါ။

အာဆီယံအတွင်းရေးမှုးရုံးဟာအာဆီယံအဖွဲ့ကြီးတစ်ခုလုံးနဲ့ အဖွဲ့ဝင်နိုင်ငံ တွေကို စစ်ရာဇဝတ်မှု၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ထဲမှာ ကြံရာပါတွေဖြစ်‌အောင်လုပ်ပေးနေတာပါ။ အာဆီယံအတွင်းရေးမှုးရုံးဟာ သူ့ရုံးတစ်ခုလုံးရော အဖွဲ့ဝင်နိုင်ငံတွေရောကို မြန်မာပြည်သူတွေ အမှောင်ဆုံး အနက်ဆုံးချောက်ထဲရောက်နေချိန်မှာ လျစ်လျူရှုထားကြတာပါ။

မြန်မာပြည်သူတွေ ခံစားရတာတွေဟာ မချိမဆန့်ပါပဲ။ သူတို့တွေဟာ ဒီလောက် နာကျင်ခြင်းတွေကြားထဲမှာတောင် ဂုဏ်သိက္ခာ မဲ့မသွားဘူး၊ တစ်ချက်မတွန့်သွားဘူး။ အာဆီယံရဲ့ လုပ်ရပ်တွေမှာ သူတို့ကိုပျက်ရယ်ပြုနေ တာရယ်၊ သူတို့အနာကို တုတ်နဲ့ထိုးသလို လုပ်နေတာရယ်က ပိုဆိုးစေတာပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article