30 C
Yangon

အရာတော်မြို့ရှိ စစ်တပ် ဂိတ်နှင့် ၅၀၀၄ အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

အရာတော်မြို့ရှိ စစ်တပ် ဂိတ်နှင့် ၅၀၀၄ အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်း၊ အရာတော် မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်နှင့် ၅၀၀၄ အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း Danger Force LPDF အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ် ခန့်တွင် အရာတော်မြို့ အနောက်ဘက် အထွက်ရှိ အကြမ်းဖက် စစ်တပ်၏ စက်မှု လယ်ယာ ဂိတ်စခန်းကို ၄၀ မမဖြင့် ၆ ကြိမ်​ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အ​ကြမ်းဖက် စစ်တပ်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၆ မိနစ်ခန့်တွင် အရာတော်မြို့နယ်ရှိ အ​ကြမ်းဖက် စစ်တပ်၏ ၅၀၀၄ အမြောက်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၈၀ မမ လက်နက်ကြီးများဖြင့် ၅ ကြိမ်မြောက် ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF၊ ကြယ်နီတပ်ဦး၊ ကြယ်နီတပ်ဖွဲ့၊ မဟိန် တပ်ဖွဲ့၊ Eagle တပ်ဖွဲ့၊ Seven Star တပ်ဖွဲ့၊ CD တပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း (၁၉) ၊ အရာတော် ပကဖတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article