38 C
Yangon

ဒီးမော့ဆိုတွင် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် နေအိမ်များ ထိမှန် ပျက်စီး

Must read

ဒီးမော့ဆိုတွင် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် နေအိမ်များ ထိမှန် ပျက်စီး

ရန်ကုန်၊ ဧပြီ ၂၁

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် နေအိမ်များ ထိမှန် ပျက်စီးခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ်များနှင့် ကားများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

” ဒီးမော့ဆို အနောက်ဘက်ခြမ်းကို စစ်ခွေးတွေက ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်လို့ ကျေးရွာ တစ်ရွာထဲကို လက်နက်ကြီး ၄ လုံးကျရောက် ပေါက်ကွဲပြီး လူနေအိမ်တွေနဲ့ အဆောက်အဦး တစ်ချို့ ထိခိုက်ပျက်စီးခဲ့တယ်။ အိမ်စီးကားတွေလည်း ထိခိုက်ပျက်စီးမှုရှိတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article