30 C
Yangon

သံဖြူဇရပ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်တွင် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

သံဖြူဇရပ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်တွင် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိန်ပဒေါရွာနှင့် ကုန်းမြင့်သာယာရွာကြားတွင် အကြမ်းဖက် စစ်ကား ၃ စီးဖြင့် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက် ညနေ ၃ နာရီခန့်က ဝဲခမိကျေးရွာအနီးသို့ လမ်းကင်းချထားသော အကြမ်း ဖက်စစ်သား ၆၀ ခန့်သည် ကား ၃ စီးဖြင့် သံဖြူဇရပ်မြို့သို့ အပြန် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ စစ်ကား တစ်စီးပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်၂၃ တပ်ရင်းထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ရွှေဘိုစည်ပင် သာယာရုံး ရှေ့ရှိ စစ်သားများကို ရွှေဘိုခရိုင်အမှတ်၂၃ တပ်ရင်း တပ်ခွဲ Naungyoe Army နှင့် ရွှေဘိုကျားကြီး အဖွဲ့တို့မှ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေဘို စီးပွားရေး ဘဏ်ထဲရှိ စစ်သားများကို အမှတ် ၂၃ တပ်ရင်း တပ်ခွဲ Naungyoe Army ၊ ရွှေဘိုကျားကြီးနှင့် ရွှေဘိုမင်း အဖွဲ့တို့မှ ထပ်မံ ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article