35 C
Yangon

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးတော၊ သပြေအေး ကျေးရွာများကို စစ်တပ်က မီးတင်ရှို့နေ

Must read

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးတော၊ သပြေအေး ကျေးရွာများကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ဇီးတော ကျေးရွာ၊ သပြေအေးကျေးရွာများကို စစ်ကောင်စီတပ်များနှင့် ပျူစောထီးများက မီးတင်ရှို့လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ ဇီးတောကျေးရွာကို စစ် တပ်၊ ပျူစောထီးများက ဝင်ရောက် မီးရှိုနေ့ခြင်းဖြစ်ပြီး ယခုအကြိမ် မီးရှို့မှုသည် ၅ ကြိမ်မြောက် မီးရှို့ခြင်းဖြစ် ကြောင်း ၊ ဇီးတောကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးခဲ့ပြီးနောက် ဇီးတောကျေးရွာကို မီးဝင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်မှာ မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း ဇီးတောကျေးရွာကို စစ်ခွေး၊ ပျူခွေးတွေက မီးဝင်ရှို့နေပါတယ်။ ဇီးတောရွာဆိုရင် ခုအကြိမ်နဲ့ဆိုရင် ၅ ကြိမ်တိုင်တိုင်မီးရှို့ဖျက်ဆီးခံနေရပါပြီ။ ရွာမှာ လူလည်းမရှိပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကတည်းက ရွာက ပြည်သူတွေက မောင်းထုတ်ခံရ၊ ထွက်ပြေးနေရတာပါ” ဟု ဇီးတောကျေးရွာသားတစ်ဦးက ဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း သစ်ချိုကုန်း၊ပင်တောင်နှင့်ဝန်ခြုံးကျေးရွာများမှ ပျူစောထီးများက သပြေအေးကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာမရှိပါဘူး။ သပြေအေးကျေးရွာကို ပျူစောထီးတွေ ဝင်လာပြီး မီးရှို့လို့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။ သူတို့ ရိက္ခာတွေ လိုချင်တာတွေ လာလုတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article