38 C
Yangon

မုံရွာ၊ တောပုရွာကို အင်အားဖြည့်ရန်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

မုံရွာ၊ တောပုရွာကို အင်အားဖြည့်ရန်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း၊၊ မုံရွာမြို့နယ်၊ မုံရွာမြို့အဝင်ရှိ စွမ်းရည်ထက် ဆီဆိုင်ဂိတ်မှ တောပု(ပျူ)ရွာသို့ အင်အား ဖြည့်ရန် လာသော အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း မုံရွာခရိုင် တပ်ရင်း -Aung San Force မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၄ ရက် နံနက် ၅ နာရီခွဲခန့်က မုံရွာမြို့အဝင် စွမ်းရည်ထွက်ဆီဆိုင်မှ အကြမ်းဖက်စစ်သား ၅၀ ခန့်ကို တောပု(ပျူ)ရွာသို့ အင်အားဖြည့်ရန် စစ်ကား အကြီး ၃ စီးဖြင့် ပို့ဆောင်စဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးမှ တက်လာသည့်ကားကို တည့် တည့်ထိမှန်ခဲ့ခဲ့ကြောင်း သိရသည်။

“စစ်ကားအကြီးတွေနဲ့ပဲ၊ အင်အားက ၅၀ လောက်ရှိမယ်၊ မိုင်းပွိုင့် ၃ ပွိုင့်နဲ့ ဆွဲခဲ့တာ၊ ရှေ့ဆုံးကားက တော့ မိုင်းတည့်တည့်ထိမှန်ပြီး ပျက်စီးလုနီးပါးဖြစ်ခဲ့တယ်၊ ကျန်တဲ့ ကား ၂ စီးလည်း ထိခိုက်မှုတော့ ရှိနိုင်ပါတယ်၊ စစ်ခွေးတစ်ချို့လဲ ထိခိုက်ဒဏ်ရာရရှိတာ ရှိ ပေမယ့်အရေအတွက် အတိအကျမသိရသေး ဘူး” ဟု မုံရွာခရိုင် တပ်ရင်း -Aung San Force မှတာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၅ တပ်ရင်း – Aung San Force ၊ Monywa UG Task Force နှင့် People’s Youth Defence Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ရမ်းသမ်း ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article