28 C
Yangon

ထိပ်တန်းခေါင်းဆောင်တချို့ကို တရားမဝင် လုပ်ငန်းများတွင် ပါဝင်မှု ရှိ၊ မရှိ KNU က စစ်ဆေးအရေးယူမည်ဟုဆို

Must read

ထိပ်တန်းခေါင်းဆောင်တချို့ကို တရားမဝင် လုပ်ငန်းများတွင် ပါဝင်မှု ရှိ၊ မရှိ KNU က စစ်ဆေးအရေးယူမည်ဟုဆို

ရန်ကုန်၊ မေ ၆

KNU ထိပ်တန်းခေါင်းဆောင်တချို့ကို တရားမဝင်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှု ရှိ၊ မရှိ စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း KNU ဗဟိုက KNU တပ်မဟာ ၅ ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့သော အကြောင်းပြန်စာအရ သိရှိရသည်။

ဧပြီ ၂၇ ရက်နေ့ နေ့စွဲဖြင့် KNU ဗဟိုဌာနချုပ်က ဖာပွန်(မူတြော်)ခရိုင် အခြေ စိုက် တပ်မဟာ(၅)ကိုပြန်လည် ဖြေကြားကြားသည့် အကြောင်းကြားစာတွင် အဖွဲ့အစည်း၏ စည်းမျဥ်းစည်းကမ်းများကိုကျော်လွန်ပြီး တရားမဝင်စီးပွားရေးလုပ်ဆောင်မှု၊ မူးယစ်ဆေးဝါးမှု၊ လူမှောင်ခိုကုန်ကူးမှု စသော တရားမဝင်လုပ်ငန်းများတွင် ပါဝင်မှု ရှိ၊ မရှိ

(၁) KNU ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီးဟောင်း ပဒိုစောရောဂျာခင်၊

(၂) တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖေါဒို

(၃) KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏သား စောဒို့စိုး၊

(၄) ဗိုလ်မှူးကြီး စောဘချို ၊

(၅) စောတင်စိုး(ပဒိုစောအယ့်နာ)အပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းတွင် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ စစ်ဆေးမည်ဖြစ်ကြောင်း စာတွင် ဖော်ပြထားသည်။

KNU ဗဟို၏ မေလ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် မောထိုကလေးဒေသရှိ ဟွမ်ယာ Hyunya တရုတ်မြို့သစ်စီမံကိန်းနှင့်ပတ်သက်သည့် မောလောအိအလင်း ကုမ္ပဏီသည် ၎င်းစီမံကိန်းမှ ၂၀၂၂ ခုနှစ်ဒီဇင်ဘာလကတည်းက နုတ်ထွက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် KNU နှင့်မပတ်သက်ကြောင်း၊ KK Park ဟု လူသိများပြီး တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေသော လောင်းကစားရုံသည် KNU နှင့်မပတ်သက်ကြောင်း၊ KNU ခေါင်းဆောင်များအား ရာဇဝတ်မှုများနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည့် ရေးသားပြောဆိုမှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ သို့ရာတွင် အခြေအနေမှန်ကို သိရှိ ဖော်ပြနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရန် KNU ဗဟိုအဆင့်က ဦးဆောင်ကာ လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article