30 C
Yangon

ဗန်းမောက်၊ ကြောင်လည်ရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၂၀ ဦးသေဆုံး

Must read

ဗန်းမောက်၊ ကြောင်လည်ရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၂၀ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်ရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦး အပါအဝင် ၂၀ နီးပါးသေဆုံးခဲ့ကြောင်း Banmauk Revolution – BR တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂၄ ရက် နေ့က ဗန်းမောက်မြို့နယ်၊ ကြောင်လည်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများအထိနာပြီး လေကြောင်းတိုက်ခိုက်မှု ပစ်ကူယူကာ ကြောင်လည်ရွာမှ ဆုတ်ခွာသွားပြီး ကြောင်လည်ရွာ အနီးဘုရား တောင်၌ တပ်စွဲထားကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း၌ ဗိုလ်အဆင့်ရှိသူ တစ်ဦးသေဆုံးခဲ့ရာ ယင်းဗိုလ်အလောင်းကို ဆွဲထုတ်ရန် ရှေ့ တိုး လာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂၀ နီးပါးသေဆုံးပြီး လေကြောင်း အကြိမ် ကြိမ်တိုက်ခိုက်နေသည့်ကြားမှ ကြောင်လည်ရွာကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကြောင်လည်ရွာအနီး၌ တိုက်ပွဲဖြစ်နေသည်မှာ ၆ ရက်ခန့်ကြာမြင့်ပြီဖြစ်ပြီး အထိနာသော အကြမ်းဖက် စစ်တပ်ကို စစ်ကူပေးရန် အင်းတော်မြို့နယ်မှ တက်လာသော အကြမ်းဖက်စစ်ကြောင်းကိုလည်း မော်တိတ်၊ ရွာသာရွာ၊ ကျွန်းတောအနီးတွင် ABSDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက် လျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ အထိနာပြီး လေကြောင်းမှ ဗုံးကျဲပစ်ကူယူတိုက်ခိုက်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article