29 C
Yangon

မိုးဗြဲတွင် တိုက်ပွဲပြင်းနေပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေ

Must read

မိုးဗြဲတွင် တိုက်ပွဲပြင်းနေပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေ

ရန်ကုန်၊ မေ ၂၇

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းတွင် တိုက်ပွဲ ပြင်း ထန်နေပြီး အကြမ်းဖက်စစ် တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက် နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၂၇ ရက် နံနက် ၄ နာရီခန့်က စတင်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ကရင်နီဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုများ ပြား နေသဖြင့် အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များဘက်မှလည်း ထိခိုက်မှုကြောင်း ဒေသနေပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရသည်။

“လက်ရှိ တိုက်ပွဲလည်း ဖြစ်နေတုန်းပဲဆိုတော့ ထိခိုက်ပျက်စီးမှုကတော့ အတိ အကျမသိရသေးဘူး၊ တိုက်ပွဲ က မနက် ၄ နာရီလောက် ကတည်းက ဖြစ်နေ တာ၊ လေယာဉ်နဲ့ ဗုံးလာကျဲနေတာက ၉ ခါလောက်ရှိသွား ပြီ၊ တိုက်ပွဲ ကလည်းဖြစ်နေဆဲဆိုတော့ အများကြီးပြောပြလို့ မရသေးဘူး၊ တိုက်ပွဲဖြစ်နေ တာက ညောင်ဝိုင်း မှာ ဖြစ်တာ၊ အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ အဓိကကျဲနေ တာပါ၊ တိုက်ပွဲကတော့ အတော်ပြင်းထန်နေ တယ်” ဟု ကရင်နီ ဒေသကာ ကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ အတည် ပြုပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article