29 C
Yangon

ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၃ လုံး ပြာကျပြီး ၂ ရက်ဆက် ကျေးရွာ ၁၀ ရွာကို မီးရှို့ဖျက်ဆီး

Must read

ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၃ လုံး ပြာကျပြီး ၂ ရက်ဆက် ကျေးရွာ ၁၀ ရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၃ လုံး ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၂၆ ရက်နေ့က အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ဆင်တဲရွာတွင် နေအိမ် ၂၅လုံးခန့်၊ ကြွယ်ကုန်းရွာမှ နေအိမ် ၈လုံး၊ နွယ်နီကျေးရွာတွင် လူနေအိမ် ၂၆လုံးနှင့် ကျေးလက်ဆေးပေးခန်း ၁လုံး၊ မိဖုရားရွာတွင် အိမ် ၄ လုံးနှင့် ပဲမှော်စင် ၁ လုံး တို့ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းက မေလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် ဆင်တဲရွာ၊ ကြွယ်ကုန်းရွာ၊ နွယ်နီရွာ၊ လှေခုတ်ရွာ၊ မိဖုရားရွာ၊ ပေါက်အူရွာတို့ မီးလောင်ပျက်စီးခဲ့ကြောင်း၊ ယနေ့ မေလ ၂၇ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က မြေတော်ရွာ၊ မြေစွန်းရွာ၊ ရေယှားရွာ၊ နန်းဦးရွာတို့ကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထပ်မံ မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

“အသေးစိတ်မသိရသေးဘူးဗျ၊ ခွေးတွေနဲ့ နီးနေသေးလို့။ ဒီမနက်ကစ အခုထိဆို ၄ရွာပါ။ မြေတော်၊ မြေစွန်း၊ ရေယှား၊ နန်းဦး ပါ။မနေ့ကရော ဒီနေ့ခုချိန်ထိရောဆို ရှို့ခံရတာ ၁၀ရွာရှိပါပြီ။မနေ့က ၆ရွာမှာ ခန့်မှန်းအိမ်ခြေ ၁၃၀ကျော် မီးရှို့ခံခဲ့ရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article