29 C
Yangon

စစ်ကောင်စီတွင် နိုင်ငံခြားဝင်ငွေ ဒေါ်လာ နည်းပါးလာ၍ အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု အားလုံးနီးပါးကို ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်

Must read

စစ်ကောင်စီတွင် နိုင်ငံခြားဝင်ငွေ ဒေါ်လာ နည်းပါးလာ၍ အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု အားလုံးနီးပါးကို ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်

ရန်ကုန်၊ မေ ၄

စစ်ကောင်စီတွင် နိုင်ငံခြားဝင်ငွေ ဒေါ်လာ နည်းပါးလာ၍ အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု အားလုံးနီးပါးကို ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်ကြောင်း သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် ၃/ ၂၀၂၃ တွင် အကြမ်းဖက်မင်းအောင်လှိုင်က ပြည်ပသွင်းကုန်များကို မတင်သွင်းရန် အမိန့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကုန်သွယ်မှု လိုငွေ မဖြစ်ပေါ်စေရေးအတွက် ပြည်တွင်းတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို တတ်နိုင်သမျှ ပြည်ပမှ မတင်သွင်းရန်နှင့် အမှန်တကယ် ပြည်တွင်းတွင် မထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကိုသာ စိစစ်၍ တင်သွင်းရန်” ဟု မင်းအောင်လှိုင်က ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက စက်သုံးဆီများကို တင်သွင်းမှု အကြီးအကျယ်လျှော့ချ တင်သွင်းလျက်ရှိပြီး ဒီဇယ်ဆီ ပြတ်လပ်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း စက်သုံးဆီ အသိုင်းအဝိုင်းက ပြောသည်။

“အခုက စစ်ကောင်စီဆီမှာ ဒေါ်လာ ဝင်ငွေ နည်းလာနေတယ်။ အဲဒါကို ဖာထေးနိုင်အောင် သူတို့ လုပ်နေတာ။ ပြည်ပသွင်းကုန်တော်တော်များများကို ပိတ်သလောက်နီးပါးဖြစ်နေတော့ အရင် ဆိုရှယ်လစ်ခေတ်ဆီကို ပြန်သွားနေတာပါ။ လာမယ့် ၆ လနဲ့ ၁ နှစ်အတွင်းမှာ ပြည်ပ သွင်းကုန် ပြတ်လပ်မှုတွေက တောက် လျှောက် ဆိုသလိုဖြစ်ပေါ်မှာဖြစ်တယ်” ဟု စီးပွားရေးနှင့်ကုန်သွယ်ရေး ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း အကြီးအကျယ် ထွက်ခွာလျက်ရှိနေပြီး အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီကို အမေရိကန်အပါအဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းထန်သော စီးပွားရေးဒဏ်ခတ်မှုများ ချမှတ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article