26.6 C
Yangon

ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသော်လည်း မလာပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လုပ်သွားမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဇူလိုင် ၁

အကြမ်းဖက် မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသော်လည်း အဆိုပါ ဖိတ်ခေါ်မှုကို ငြင်းဆန်ပြီး မလာပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုထားကြောင်း အကြမ်းဖက် မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ခိုင်ခိုင်စိုးက ပြောဆိုသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အကြမ်းဖက် ခိုင်ခိုင်စိုးက ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။

တိုင်းပြည်မငြိမ်သက်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ မရှိခြင်းမှာ ငြိမ်းချမ်းရေးမရှိခြင်းကြောင့် ဖြစ် ကြောင်း၊ လက်ရှိတွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားကြောင်း၊ သို့ရာတွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို လက်မခံဘဲ မငြိမ်းသက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ မရှိအောင် ဆက်လက်လုပ်ဆောင်နေပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။

“တိုင်းပြည်မဖွံ့ဖြိုးတာက တိုင်းပြည် မအေးချမ်းတဲ့ကိစ္စတွေ၊ တိုင်းပြည် မငြိမ်သက်မှုတွေကြောင့်ဖြစ်တယ်။ စည်းလုံးညီညွတ်မှုမရှိတာတွေကြောင့်ဖြစ်တယ်။ ဒီလိုကိစ္စမျိုးတွေကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ရဲ့သားနဲ့ မှ မလာဘူး ဒီလိုတွေ လုပ်မယ်ဆိုလို့ရှိရင်တော့ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်ပြီး လုပ်သွားရမယ်ဆိုတာက သမ္မတကြီးရဲ့ မူဝါဒဖြစ်ပါတယ်” ဟု ခိုင်ခိုင်စိုးက ခြိမ်းခြောက် ပြောဆိုသည်။

တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးအတွက် ကြိုတင် သတ်မှတ်ချက်မထားဘဲ ဆွေးနွေးမည်ဟု မင်းအောင်လှိုင်က ပြောဆိုနေ သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရန် အပါအဝင် စစ်တပ်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးမှု၏ အခြေခံ စည်းမျဉ်းများအဖြစ် သတ်မှတ်ဆက်လက်ဆုပ်ကိုင်ရန် ညွှန်ကြားထားဆဲဖြစ်သည်။

စစ်တပ်က ချမှတ်ထားသော ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်မှာ ငြိမ်းချမ်းရေးရယူရန် ဆန္ဒအမှန် ရှိရမည်၊ သဘောတူစာချုပ်ကတိကဝတ်များကို မဖောက်ဖျက်ရ၊ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ် မထုတ်ရန်၊ ဒေသခံများ အပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုမှာ လိုက်ပါလုပ်ဆောင်ရန် တို့ဖြစ်သည်။

အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် အလွတ်သဘော ဆွေး နွေးပွဲများကို ဆက်တိုက် လုပ်ဆောင်နေပြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော အဖွဲ့ နှင့် အဖွဲ့ဝင်များက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို လိုက်လံ တွေ့ဆုံလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article