28 C
Yangon

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံး

Must read

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သားနှင့် ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံး​ခဲ့ကြောင်း KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင်ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များက သိမ်းပိုက်ရန် ပြုလုပ်စဥ် နံနက် ၆ နာရီခန့်တွင် ရွှေဘိုမြို့နယ် သလုံးပျူရွာ၊ တည်သီးတောရွာ၊ နှမစားရစ်ရွာ မှ စစ်သားနှင့် ပျူစောထီးများ တပ်ကူရောက်ရှိ လာသောကြောင့် ဇီးဖြူကုန်းပျူရွာကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

” တိုက်ပွဲကြာချိန်က ၂ နာရီကျော်လောက်ရှိတယ်။ စစ်သားနဲ့ ပျူစောထီး ၂၀ ဦး ထက်မနည်းသေဆုံးပြီး ပစ္စည်းအချို့ သိမ်းဆည်း ရရှိခဲ့ပါတယ်။ စခန်းကို မသိမ်းနိုင်ခဲ့ပေမယ့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။ မဟာမိတ် ညီနောင်ဘက်က ရဲဘော် ၄ ဦး ထိခိုက် ဒဏ်ရာရရှိပေမယ့် မစိုးရိမ်ရဘူး။ ပြည်သူများ အနေနဲ့ အခုလိုမျိုး စခန်းတိုက်ပွဲများ ဆက်တိုက် ဖော်ဆောင်နိုင်ဖို့ အတွက် နိုင်တဲ့ အားလေးနဲ့ ဝိုင်းဝန်း ထောက်ပံ့ ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ KLG PDF ကျောက်လုံးကြီး၊ ဒီပဲယင်း ဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ဒေါင်းလုလင် LPDF၊ spring guerrilla platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ် ညီနောင်များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article