27 C
Yangon

ပခုက္ကူမြို့ရှိ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ကို လက်နက်ကြီးရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ပခုက္ကူမြို့ရှိ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ကို လက်နက်ကြီးရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၂၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ရှိ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ကို ရှော့တိုက်ဒုံးဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့မေလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က မကွေးတိုင်း၊ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် အတွင်းသို့ တာဝေးပစ် လက်နက်ကြီးရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ လုံးစလုံး တပ်မအတွင်း ထိမှန်ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်မသိရှိရသေး ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

“သူတို့ အလစ်အငိုက်ကို ချိန်ရွယ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ တပ်မ ၁၀၁ ဆိုတာက မကွေးတိုင်းမှာ ဒုတိယအကြီးတပ်လို့ ပြောလို့ရတယ်၊ တပ်အထဲကို ပစ်တာဆိုတော့ သေချာပြင်ဆင်ပစ်ခတ်ခဲ့ရတာပါ၊ ပစ်ခဲ့တဲ့ ဒုံး ၅ လုံးစလုံးကွဲပါတယ်၊ တပ်မဖြစ်တဲ့အတွက် အထိအခိုက်တော့ မသိရဘူး” ဟု ပခုက္ကူမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ အဖွဲ့များဖြစ်သော ပကဖ တပ်ခွဲ (၁)၊ Pakokku Special Guerrilla Force(ပကဖ-PSGF)၊ Pakokku Special Task Fore (ပကဖPSTF)နှင့် King Fighter၊Pku North Pdf၊‌ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊UURFအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ရေးပစ်မှတ်များကို ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article