38 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့

-မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာ ကျောင်း မှာ တပ်ထဲဝင်လိုသူမရှိတာကြောင့် တပ်သားသစ် ၁ ဦးကို ငွေကျပ် ၁၀ သိန်း ပေးပြီး ခေါ်ယူဖို့အတွက် အရာရှိ နဲ့ စစ်သည်တွေရဲ့ လစာတွေကို ဖြတ်တောက်နေတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။

– မွန်ပြည်နယ်၊ ရေးမြို့နယ်က ဝါဘသဲကျေးရွာအနီးကို စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက် စစ်ကောင် စီတပ်ကို တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေကနေ တိုက်ခိုက်ရာမှာ ၂ ရက်တာ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၁၇ ဦးဝန်းကျင် သေထားတယ်လို့ ကျားဖြူ စစ်ကြောင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– မြန်မာ အကြမ်းဖက်စစ်ကောင်စီကို G7 နိုင်ငံတွေကနေ အရေးယူရေးအတွက် အီတလီ နိုင်ငံမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article