25 C
Yangon

ပေါင်းတည်တွင် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး သန်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ မတ္တရာတွင်လည်း ကြံ့ဖွတ်မြို့နယ် အရန်ကော်မတီဝင် ကျော်မင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါင်းတည်တွင် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး သန်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ မတ္တရာတွင်လည်း ကြံ့ဖွတ်မြို့နယ် အရန်ကော်မတီဝင် ကျော်မင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၂၃

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာတွင် ပျူစောထီး ခေါင်း ဆောင် ရာအိမ်မှူး သန်းနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊၊ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စု၊ ညောင်နီပင်ရွာသား ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး သန်းနိုင်(ခ) နိုင်ကြီးကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF (ပြည်ခရိုင်PDF ၃၆၀၁)တပ်ရင်း တပ်ခွဲ ၄ က ‌သေနတ်ဖြင့် ပစ်ခတ်ရာ ပွဲချင်းပြီး​ဆုံးသွားကြောင်း သိရှိရသည်။

ရာအိမ်မှူး ပျူစောထီးခေါင်းဆောင်သန်းနိုင်(ခ) နိုင်ကြီးသည် စစ်တပ်နှင့် ပေါင်းပြီး ရွာထဲမှ လူငယ်များ နှင့် မတည့်သူများကို PDFဟု စွပ်စွဲခြင်း၊ စစ်တပ်ကို သတင်းပေးခြင်း၊ PDFစခန်းများကို သတင်းထောက် ပြီးသတင်း ပေးပို့ခြင်း၊ပျူစောထီးသင်တန်းတက်ရန်လူငယ်များကို စည်းရုံးပြီး သင်တန်း တက်ရန်ပို့ ဆောင်ပေးနေသူတစ်ဦးဖြစ်ကြောင်း၊ စစ်တပ်စစ်ကြောင်းများ ညောင်နီပင်ရွာသို့လာလျှင် အရက်၊ဘီယာတိုက်ကာ ချက်ပြုတ်ကျွေးမွေးနေ သူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မေလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မတ္တရာမြို့နယ်တွင် လည်း ကြံ့ဖွတ်ပါတီ မြို့နယ် အရန်ကော်မတီဝင် ကျော်မင်း ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာအုပ်စု၊ရေချောင်းဘိုကျေးရွာနေ ကျော်မင်း သည် နေအိမ်တွင် ရှိနေစဉ် သေနတ်သမားတချို့က ရောက်ရှိပြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ကျော်မင်းသည် ကြံ့ဖွတ်ပါတီ၏ ဦးဆောင်တက်ကြွ လှုပ်ရှားသူဖြစ်ကြောင်း၊ စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး ကျေးရွာတွင် ပြည်သူများကို ခြိမ်းခြောက် အနိုင်ကျင့် ဖမ်းဆီးမှုများလုပ်ဆောင်သူဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article