ကြံခင်းမြို့နယ် သပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန်၊ မေ ၂၃
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ “ပြည်သူကို မီးလိုငရဲလိုကျင့်တဲ့ ဖက်ဆစ်တပ် လူထုအားနဲ့ အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။