38 C
Yangon

ပုသိမ်ကြီးမြို့နယ်၊ ပျော်ဘွယ်ကျေးရွာ၊ တောကျောင်းကြီး ဘုန်းကြီးကျောင်းမှ သံဃာတော် ၃ ပါးကို PDF ထောက်ပို့သည်ဟု စွပ်စွဲပြီး‌ ထောင်ဒဏ် ၂၂ နှစ်ချမှတ်

Must read

ပုသိမ်ကြီးမြို့နယ်၊ ပျော်ဘွယ်ကျေးရွာ၊ တောကျောင်းကြီး ဘုန်းကြီးကျောင်းမှ သံဃာတော် ၃ ပါးကို PDF ထောက်ပို့သည်ဟု စွပ်စွဲပြီး‌ ထောင်ဒဏ် ၂၂ နှစ်ချမှတ်

ရန်ကုန်၊ မေ ၂၅

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ပျော်ဘွယ်ကျေးရွာ၊ တောကျောင်းကြီး ဘုန်းကြီးကျောင်းမှ သံဃာတော် ၃ ပါးကို PDF ထောက်ပို့သည်ဟု စွပ်စွဲပြီး‌ စစ်တပ်က ထောင်ဒဏ် ၂၂ နှစ်ချမှတ်လိုက်ကြောင်း အဆိုပါကျေးရွာမှ သံဃာတော်များ၏ ဒကာ၊ ဒကာမများက ပြောသည်။

မေလ ၂၃ ရက်နေ့တွင် စစ်ကောင်စီက ပုသိမ်ကြီးမြို့နယ်၊ ပျော်ဘွယ်ကျေးရွာ၊ တောကျောင်းကြီး ဘုန်းကြီးကျောင်းမှ သံဃာတော် ၃ ပါးကို PDF ထောက်ပို့သည်ဟု စွပ်စွဲပြီး‌ ထောင်ဒဏ် ၂၂ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော ၆ လခန့် ၂၀၂၂ ခုနှစ်ဒီဇင်ဘာလတွင် စစ်တပ်က ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က ငွေကြေး သိန်း ၁၆၀ ပေးရန် တောင်းဆိုခဲ့သော်လည်း မပေးနိုင်ခဲ့သဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများ ဖြင့် အမှုဖွင့်ထောင်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်က ကျောင်းကို အနုကြမ်းစီးပြီး ကျောင်းပိုင် ပစ္စည်းတွေအားလုံးကို ခိုးယူလုယက်ပါတယ်။ ကျောင်းထိုင် ဆရာတော် နှင့်အတူ အခန်းနေ သံဃာတော်များကို PDF များကို ထောက်ပံ့ တယ်ဆိုတဲ့ စွပ်စွဲ ချက် နဲ့အတူ ဥပဒေမဲ့ ဖမ်းဆီးပါတယ်။ ပထမတုန်းက ပြန်ပေးဆွဲ ခြိမ်း‌ခြောက်ပြီး ငွေ သိန်း ၁၆၀ ပေးဖို့ ပြောပါတယ်။ သူတို့တောင်းတဲ့ငွေ မပေးနိုင်တဲ့အတွက် သံဃာ သုံးပါးကို လူဝတ်လဲ လိမ်လည် အမှုဆင်ပြီး မေလ ၂၃ ရက်နေ့မှာ ထောင်ဒဏ် (၂၂) နှစ် စီ ချမှတ်လိုက်ပါတယ်” ဟု သံဃာတော်များအတွက် လိုက်ပါဆောင်ရွက်ပေးနေသူက ဆိုသည်။

ပုသိမ်ကြီးမြို့နယ်၊ ပျော်ဘွယ်ကျေးရွာ၊ တောကျောင်းကြီး ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာ တော် အပါအဝင် သံဃာတော် ၃ ပါးသည် မန္တလေး အိုးဘိုထောင်တွင် ဖမ်းဆီး အကျဉ်းချခံ နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးမှ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်း။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article