31 C
Yangon

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ပိုစတာ ချိတ်ဆွဲ

Must read

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ပိုစတာ ချိတ်ဆွဲ

ရန်ကုန်၊ မေ ၂၅

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် စမ်းချောင်း ပင်မ သပိတ် စစ်ကြောင်း(Sc Strike)က “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော် လှန် ရေးနဲ့ သိမ်းပိုက်ကြ” ဟူသော စစ်အာဏာရှင်ဆန့်ကျင်ရေး စာသား ချိတ် ဆွဲလှုပ်ရှားကြသည်။

ယနေ့ မေလ ၂၅ရက်နေ့တွင် စစ်ကောင်စီတပ်များ လုံခြုံရေးအင်မတန် တင်းကျပ်နေသည့်ကြားမှ ရန်ကုန်မြိုတစ်နေရာတွင် စမ်းချောင်းပင်မ သပိတ်စစ် ကြောင်း(Sc Strike) က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြု လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူတစ်ယောက်ချင်းစီတိုင်း၏ လူ့အခွင့်အရေးများ ဆုံးရှုးနေရခြင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောနည်းလမ်းများဖြင့် မတရားဖိနှိပ်အုပ်ချုပ်နေသောကြောင့်ဖြစ်ပြီး ပြည်သူလူထု၏ အာဏာ၊အခွင့်အရေးများ၊လုံခြုံအေးချမ်းသော ဘဝနေထိုင်မှုအခြေအနေများကို နွေဦးတော်လှန်ရေးကြီးဖြင့် ပြန်လည်သိမ်းပိုက်ကြရန်၊တော်လှန်ရေးတွင် တတ်နိုင်သည့် နေရာမှအင်တိုက်အားတိုက်ပါဝင်ပေးပါရန် စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း(Sc Strike)က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article