35 C
Yangon

ဆားလင်းကြီး၊ ဒုန်းတောရွာကို စစ်တပ်က ပစ်ခတ်စီးနင်းပြီး ပြည်သူပိုင် စားသောက်ကုန် ပစ္စည်းများကို ခိုးယူသွား

Must read

ဆားလင်းကြီး၊ ဒုန်းတောရွာကို စစ်တပ်က ပစ်ခတ်စီးနင်းပြီး ပြည်သူပိုင် စားသောက်ကုန် ပစ္စည်းများကို ခိုးယူသွား

ရန်ကုန်၊ မေ ၃၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် စီးနင်းပြီး ပြည်သူပိုင် စားသောက်ကုန် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့တွင် ဝမ်ပေါင် ကုမ္ပဏီမှ ကြေးနီ သယ်ယူသည့် စစ်တပ်ယာဥ်တန်းက သေနတ်များ ပစ်ဖောက်ကာ ဒုန်းတောရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် စားသောက်ကုန် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။

” ဝမ်ပေါင်ကုမ္ပဏီကို ကြေးကားသယ်ယူတဲ့ စစ်ခွေးတွေက ဒုန်းတောရွာကို ဝင်ရောက် မွှေနှောက် ဖျက်ဆီးသွားတာ ရွာထဲမှာ ၂ ရက် တပ်စွဲသွားတယ်။ ၂၉ ရက်နေ့မှ ရွာကို ပြန်ဝင်နိုင်တာ ပြည်သူတွေရဲ့ ဆန်အိတ်တွေနဲ့ စားစရာတွေကို ကားနဲ့ သယ်ယူသွားတယ်။ ပြန်ရောင်းလို့ ရမယ့် ပစ္စည်းတွေလည်း ယူသွားတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article