36 C
Yangon

ဝင်းရေမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ဝင်းရေမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၃၁

ကေအဲန်ယူ ဒူးပလာယာ ခရိုင် တပ်မဟာ ၆ နယ်မြေရှိ ဝင်းရေမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ တစ်ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်းရေမြို့နယ်အတွင်းရှိ အောင်သပြေကျေးရွာကို အကြမ်းဖက် စစ်တပ်၏ သံဖြူဇရပ်မှ ဆင်းလာသော စကခ ၁၉ လက်အောက်ခံ ခလရ ၅၉၁ က လက်နက်ကြီး လက်နက်ငယ် များဖြင့် အကြိမ်ရေများစွာ ပြည်သူ လူထုများ နေထိုင်သည့် နေရာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သောကြောင့် အောင်သပြေကျေးရွာနေ အသက် ၅၁ နှစ်အရွယ် စောမောင်စံသွင် က လက်နက်ကြီး ကျည်စ ထိမှန်၍ နေအိမ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လူမဆန်သော ရက်စက်ယုတ်မာမှုကြောင့် အပြစ်မဲ့ ပြည်သူ လူထုများသည် နေ့စဥ်နှင့်အမျှ ကလေးပါမကျန် အသက်ဆုံးရှုံးခဲ့ရပြီး အိုးအိမ်ပစ္စည်းပေါင်းများစွာလည်း ထိခိုက် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article