39 C
Yangon

မန္တလေးမြို့၊ နန်းရှေ့အနီးရှိ အမှတ် ၁ ရဲစခန်းကို ၄၀ မမ ဖြင့်ပစ်ခတ် တိုက်ခိုက်

Must read

မန္တလေးမြို့၊ နန်းရှေ့အနီးရှိ အမှတ် ၁ ရဲစခန်းကို ၄၀ မမ ဖြင့်ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၃၁

မန္တလေးမြို့၊ နန်းရှေ့အနီးရှိ အမှတ် ၁ ရဲစခန်းကို ၄၀ မမ ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အောင်မြေသာစံမြို့နယ် နန်းရှေ့အနီး ၁၉လမ်းမကြီးပေါ်ရှိ အမှတ် ၁ ရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ ဖြင့်သွားရောက် တိုက်ခိုက်ခဲ့ပြီး အမှတ် ၁ ရဲစခန်းရှိ ဘန်ကာများအား လုံခြုံ ခိုင်မာအောင် တည်ဆောက်ထားပြီးလုံခြုံရေးများလည်း အမြဲအထူး စောင့်ကြည့်နေသောကြောင့် ရဲစခန်းအတွင်းရှိ ထောက်ခံစာ လုပ်ပေးသည့် ရုံးခန်းကို ပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

” ပြန်လည်ဆုတ်ခွာချိန်မှာ နေရာအနှံ့အပြားကို ပိတ်ဆို့ပြီး စစ်ဆေးခဲ့တာ ကျွန်တော်တို့ ရဲဘော်တွေ လွန်စွာ သတိကြီးကြီးနဲ့ ရုန်းထွက်လာခဲ့ပြီးမှ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြို့ပြစစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့်တင် တိုက်ခိုက်သွားတော့မှာဖြစ်လို့ ပြည်သူများတွေ အနေနဲ့ နှုတ်ဆိတ်မနေဘဲ တတ်နိုင်တဲ့ နိုင်ရာ တာဝန်တွေကို ထမ်းဆောင်ရင်းတော်လှန်ရေး ရဲဘော်များနဲ့ အတူရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်” ဟု နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့နှင့် ကောင်းကင် တော်လှန်ရေးအင်အားစု ပြင်ဦးလွင်ခရိုင် ပ.က.ဖ.တပ်ခွဲ ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article