33 C
Yangon

Khit Thit သတင်းဌာန၏ မေ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ချင်းပြည်နယ်၊ မတူပီမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံ ရမှုမှာ သေသွားတဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် ဆိုသူကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရဲ့ စစ်သင်္ချိုင်းမှာ အကြမ်းဖက် တိုင်းမှူးဗိုလ်ချုပ်သန်းထိုက်ကိုယ်တိုင် အမိန့်ပြန်ပြီး သဂြိုလ်လိုက် တယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

-မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် -မြောက်ဥယျာဉ်ရပ်ကွက်မှာ မေလ ၇ ရက်နေ့ ညနေပိုင်းက လက်ခွဲပျူစောထီး ခေါင်းဆောင် အောင်နိုင်ထွေး လို့ခေါ်တဲ့ နှုတ်ခမ်းမွှေး ဆိုသူရဲ့ နေအိမ် ကို ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ Urban Guerrilla Force-MDY ရဲ့ တာဝန်ရှိသူက ပြောပါ တယ်။

– ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ဆိုင်ကယ်လိုင်စင်မရှိလို့ ဖမ်းဆီးခံရတဲ့ ပြည်သူတစ်ဦးဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖြူမြို့နယ်ရဲစခန်းမှာ နှိပ်စက်ခံရပြီး သေဆုံးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article