29 C
Yangon

ရန်ကုန်တိုင်းတွင် မြို့ပြစစ်ဆင်ရေး ၂၀၀၀‌ ကျော် ဖော်ဆောင်နိုင်ခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အပါအဝင် ၆၀၀ ကျော် သေဆုံးကာ PDF ရဲဘော် ၈၀ ကျော်ကျဆုံးခဲ့

Must read

ရန်ကုန်တိုင်းတွင် မြို့ပြစစ်ဆင်ရေး ၂၀၀၀‌ ကျော် ဖော်ဆောင်နိုင်ခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အပါအဝင် ၆၀၀ ကျော် သေဆုံးကာ PDF ရဲဘော် ၈၀ ကျော်ကျဆုံးခဲ့

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်တိုင်းတွင် မြို့ပြစစ်ဆင်ရေးပေါင်း ၂၀၀၀ ကျော်ဖော်ဆောင်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး အဆင့် အပါအဝင် ၆၀၀ ကျော်သေဆုံးကာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၈၀ ကျော်ကျဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်တပ်မှ တိုင်းပြည်အာဏာကို မတရားလုယူပြီးနောက် ပိုင်း ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ၂ နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ၌ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) ၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)၊ မြို့ပြပြောက်ကျား တပ်ဖွဲ့များနှင့် အခြားသော တော်လှန်ရေးအင်အားစုများမှ မြို့ပြ စစ်ဆင်ရေးပေါင်း ၂၀၀၀ ကျော် ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး အဆင့်များ အပါအဝင် သေဆုံးသူ ၆၀၀ ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၀၀ ကျော်ရှိကြောင်း၊ စစ်ဆင်ရေးအတွင်း မတော်တဆ ထိခိုက် မှုများ၊ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးနှိပ်စက်သတ်မှုများကြောင့် ကျဆုံးခဲ့ရသူ တော်လှန်ရေးရဲဘော် ၈၀‌ ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများတွင် စစ်ရေးပစ်မှတ် ၁၀၀၀ ကျော်၊ အုပ်ချုပ်ရေး ပစ်မှတ် ၈၀၀ ကျော် နှင့် စီးပွားရေးပစ်မှတ် ၂၀၀ ကျော်ပါဝင်ကြောင်း၊ ၎င်းပစ်မှတ်များကို အထူးစစ်ဆင်ရေး လှုပ်ရှားမှု အဖြစ် အကြိမ်ရေ ၅၀ ၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ ကျော် နှင့် ဖောက်ခွဲတိုက်ခိုက်မှု ၁၅၀၀ ကျော်ရှိ သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး စစ်ဒေသခွဲအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် ၅၁၀၁ ကို ဖွဲ့စည်းထားပြီးဖြစ်ပြီး မြို့ပြပြောက်ကျား စစ်ဆင်ရေးများနှင့် တောတွင်းကျေးလက်စစ်ဆင်ရေးများကို နည်းဗျူဟာကျကျ ဟန်ချက်ညီစွာ ပေါင်းစပ်၍ တိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article