37 C
Yangon

ဖယ်ခုံတွင် ၂ လကျော်ကြာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆၂ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံး

Must read

ဖယ်ခုံတွင် ၂ လကျော်ကြာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆၂ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၃

ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တွင် ၂ လကျော်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆၂ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံးကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။

ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အထိ ၂ လကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများက ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း လွယ်ဟွဲ နှင့် လွယ်လုံရွာ စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိ နှင့် စက်တော်ရွာဖက်တွင် စစ်ကြောင်းတစ်ကြောင်း၊ နှင့် လတူးဖက် စစ်ကြောင်းတစ်ကြောင်း စုပေါင်းစစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ စစ်တပ်၏ ထိုးစစ်ဆင်မှုကို ဖယ်ခုံ PDF (တပ်ရင်းအမှတ် – ၁၀၀၂) နှင့်အတူ KNDF, PDF-Loikaw, DMO-PDFs စစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF (1001 နှင့် 1007), တပ်ရင်းအမှတ် 1008, 1009, 1003, KRU, NPT-PDF တပ်ရင်းများ နှင့် အလယ်ပိုင်းတိုင်း အထူး တပ်ဖွဲ့ အပါအဝင် မဟာမိတ်တပ်များက ပြန်လည် ခုခံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဘက်မှ အရာရှိ၊စစ်ကြောင်းမှူးများအပါအဝင် စုစုပေါင်း(၆၂) ဦး သေ ဆုံးပြီး၊ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာပစ်ခတ်ဗုံးကျသည့်အပြင် ဖယ်ခုံ စကခ ၇ နှင့် ၃၃၆ တပ်တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

၂ လကျော်ကြာ တိုက်ပွဲအတွင်းတွင် PDF နှင့် KNDF တို့မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ရပြီး တော်လှန်ရေး ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article