25 C
Yangon

ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ကျေးရွာအနီးကို တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်၊ စစ်တပ်ဘက်မှ ၁၀ ဦးအထက် သေဆုံးဟုဆို

Must read

ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ကျေးရွာအနီးကို တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်၊ စစ်တပ်ဘက်မှ ၁၀ ဦးအထက် သေဆုံးဟုဆို

ရန်ကုန်၊ ဇွန်၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီးကို တိုက်လေယာဉ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ဗုံးကျဲတိုက်ခိုက်ကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဇွန်လ ၅ ရက်နေ့ နံနက် ၆ နာရီ အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကျေးရွာအနီးကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ကြောင်း၊ ဇီးဖြူကျေးရွာတွင် စစ်ကောင်စီနှင့်ပျူစောထီးများက ခြေကုတ်ယူထားသော ကျေးရွာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စခန်းသိမ်းတိုက်ပွဲဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်လေယဉ်နဲ့ကို လာပစ်တာ။ စစ်ခွေးတွေ အကျအဆုံးကအရမ်းများလို့။ ကျနော်တို့ စခန်းသိမ်းနိုင်ဖို့ရာ နာရီပိုင်းအလိုမှာ လာပစ်သွားတာပါ။ လေယာဉ်နဲ့ပစ်လို့ ကျနော်တို့ဘက်က အထိခိုက်မရှိခဲ့ဘူး။ ပစ်တာကလည်း ကျနော်တို့ကာကွယ်ရေးအဖွဲ့တွေရှိနိုင်မယ့် အထင်နဲ့ တောပြုတ်လေးတွေထဲပစ်တာ။ အထိအခိုက်ကတော့မရှိခဲ့ဘူး။ ခွေးတွေဘက်ကတော့အကျဆုံး ၁၀ ဦးအထက်မှာရှိမယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သခင်ဒေါင်းညိုအဖွဲ့ခေါင်း ဆောင်ကပြောဆိုသည်။

အဆိုပါတိုက်ပွဲကို သခင်ဒေါင်းညို အပါဝင် မဟာမိတ်တပ်ဖွဲ့များ၊တပ်ရင်းတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article