38 C
Yangon

ငါးကြင်းမြီး (ခေါ်) MG 3 သေနတ် ဝယ်ယူနိုင်ရေး DMO-PDF ပူးပေါင်းတပ်ဖွဲ့များ ကမ်ပိန်းပြုလုပ်နေပြီး ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်

Must read

ငါးကြင်းမြီး (ခေါ်) MG 3 သေနတ် ဝယ်ယူနိုင်ရေး DMO-PDF ပူးပေါင်းတပ်ဖွဲ့များ ကမ်ပိန်းပြုလုပ်နေပြီး ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်

ရန်ကုန် | ဇွန် ၇

ကယား (ကရင်နီ)ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ငါးကြင်းမြီး (ခေါ်) MG 3 သေနတ် ဝယ်ယူနိုင်ရေးအတွက် ပြည်သူတွေ လှူဒါန်းနိုင်ဖို့ ကမ်ပိန်းလှုပ်ရှားမှု တစ်ခု ပြုလုပ်နေပါတယ်။

ဒီကမ်ပိန်း လှုပ်ရှားမှုကို ” ငါးကြင်းမြီး နဲ့ အောင်လံထူ” လို့ အမည်ပေးထားပြီး ကန်ပိန်းကို ပြီးခဲ့တဲ့မေလ ၂၉ရက်နေ့ကစလို့ လာမယ့် ဇွန်လ ၁၇ရက်နေ့အထိ ရက် ၂၀ကြာပြုလုပ်သွားမှာဖြစ်ပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေနဲ့ ပြည်သူတေွ ဝိုင်းဝန်းလှူဒါန်းပေးကြဖို့ကို DMO-PDFက မေတ္တာရပ်ခံထားပါတယ်။

ကယား (ကရင်နီ)ပြည်နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အလွန် အကျွံအသုံးပြုပြီး တိုက်ခိုက်နေတာကြောင့် ဒေသကာကွယ်ရေးတပ်တွေအနေနဲ့ လက်နက်အင်အားမမျှတမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒီလို လက်နက်အင်အားမမျှတာကြောင့် ကရင်နီတော်လှန်ရေးအင်အားစုတွေအနေနဲ့ နယ်မြေထိန်းချုပ်မှု စွန့်လွှတ်လိုက်ရတာတွေရှိသလို ရဲဘော်တွေအသက်ပေးလိုက်ရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုMG3 ငါးကြင်းမြီး စက်သေနတ် ဝယ်ယူနိုင်ရေး အလှူငွေကောက်ခံတဲ့ လှုပ်ရှားမှုဟာ ဒီလိုလက်နက်အင်အားမမျှတ တာတွေကို တိုက်ပြန်တိုက်စစ်ဆင်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ကန်ပိန်းမှာ ပါဝင်လှူဒါန်းချင်သူတွေအနေနဲ့ Deemawso Local pdf တပ်ရင်း ၃ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/profile.php?id=100090599250094 ကတဆင့် ဆက်သွယ်ပြီး လှူဒါန်းနိုင်တဲ့ နေရာတွေကို စုံစမ်းနိုင်တယ်လို့လည်းသိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article