38 C
Yangon

ကျိုက်မရော၊ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်မှ စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်း သေဆုံး

Must read

ကျိုက်မရော၊ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်မှ စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်း သေဆုံး

ရန်ကုန်၊ ဇူလိုင် ၃

မွန်ပြည်နယ်၊ ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်မှ စစ်သားများက စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်း သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ချောင်းခွတံတား ရဲကင်းဂိတ်ကို Saw Dragon Drone Force နှင့် Lion Battalion Commando – ဗျူဟာ စစ်ကြောင်းတို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင့် အကြမ်းဖက် စစ်တပ်က တံတားကို ယာယီ ပိတ်ပြီး စနိုက်ပါဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် အနီးအနား၌ ဆိုင်ကယ်ဖြင့် သွားလာနေသည့် အသက် ၂၃ နှစ်အရွယ် အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ ကိုငြိမ်းချမ်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

“ခွေးတွေဘက်က သတင်းလွှင့်တာတော့ ဒရုန်းနဲ့ထိတယ်ဆိုပြီး လွှင့်တာ တကယ်တန်းကျတော့ သူတို့ စနိုက်ပါမိပြီး ရင်ဘတ်ပွင့်သေတာ ကျွန်တော်တို့ မှတ်တမ်းတွေအရလည်း အနီးအနားမှာ ဘယ်ပြည်သူမှ မရှိဘူး။ ရဲစခန်းနဲ့တံတားက တစ်အိမ်ကျော်လောက်ပဲရှိတာ နီးတယ်” ဟု Saw Dragon Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော ကိုငြိမ်းချမ်းသည် စနိုက်ပါ ကျည်ထိမှန်ပြီး နှလုံးဖောက် ထွက်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်က စစ်သား ၃ ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူများကလည်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article