37 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် မွေးနေ့မှစ၍ မြန်မြန်သေပါစေ ကျိန်စာတိုက်၊ မင်းအောင်လှိုင်ပုံကို ဖိနပ်အောက်ကပ်၍ ရန်ကုန်မြို့အနှံ့လှည့်လည်

Must read

အကြမ်းဖက် မင်းအောင်လှိုင် မွေးနေ့မှစ၍ မြန်မြန်သေပါစေ ကျိန်စာတိုက်၊ မင်းအောင်လှိုင်ပုံကို ဖိနပ်အောက်ကပ်၍ ရန်ကုန်မြို့အနှံ့လှည့်လည်

ရန်ကုန်၊ ဇူလိုင် ၃

ရန်ကုန်မြို့တွင် အကြမ်းဖက် မင်းအောင်လှိုင် မွေးနေ့မှစ၍ မြန်မြန်သေပါစေ ကျိန်စာတိုက်ပြီး မင်းအောင်လှိုင်ပုံကို ဖိနပ်အောက်ကပ်၍ လူငယ်တချို့က ရန်ကုန်မြို့အနှံ့လှည့်လည်ကြကြောင်း သိရှိရသည်။

Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ယနေ့ ဇူလိုင်လ ၃ရက်၊ လုံခြုံရေးတင်းကျပ်ထားသော ရန်ကုန်မြို့တွင်အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြတ်တနိုးနဲ့ ပန်းလို ခေါင်းပေါ်တင်ခဲ့ကြပေမယ့်၊ အောက်တန်းစား အကြမ်းဖက်သမား မင်းအောင်လှိုင်ကိုတော့ ခြေနဲ့ပဲ တန်လို့ မြေမှာခင်း၊ ခြေမှာနင်းလို့ အပါယ်အမြန်ဆုံးဆင်းဖို့ ဆုတောင်းပေးလိုက်ပါတယ်….”မွေးနေ့.မှစ၍ မြန်မြန်သေပါစေကြောင်း” ဟု သပိတ်ဦးဆောင်လူငယ်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article