30 C
Yangon

PDF နှင့်ဆက်သွယ်သည်ဆိုသော မသင်္ကာမှုဖြင့် ဒိုက်ဦး ထောင်ပိုင် ဦးရန်နိုင်ထွန်းနှင့် ဝန်ထမ်း ၆ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

PDF နှင့်ဆက်သွယ်သည်ဆိုသော မသင်္ကာမှုဖြင့် ဒိုက်ဦး ထောင်ပိုင် ဦးရန်နိုင်ထွန်းနှင့် ဝန်ထမ်း ၆ ဦးကို စစ်တပ်က ဖမ်းဆီး

■ တောင်ငူထောင်မှ အကျဉ်းသား ၁၀ ဦးထွက်ပြေးခဲ့မှုအတွက် တောင်ငူထောင်ပိုင် ဦးကြည်ဦ်း ဖမ်းဆီးခံထားရ

ရန်ကုန်၊ ဇူလိုင် ၈

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှ ထောင်ပိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းနှင့် ဝန်ထမ်း ၆ ဦးကို PDF နှင့် ဆက်သွယ်သည်ဆိုသော မသင်္ကာမှုဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးတရားစွဲထားကြောင်း သိရှိရသည်။

” PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး မသင်္ကာလို့ ဒိုက်ဦး ထောင်ပိုင် ဦးရန်နိုင်ထွန်း နှင့် ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးထားပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့မှာ တရား ရုံးထုတ်မယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၀ ဦးထွက်ပြေးလွတ်မြောက်ခဲ့မှုအတွက် တောင်ငူထောင်ပိုင် ဦးကြည်ဦးကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားကြောင်း သိရှိရသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန် တောင်ငူအကျဉ်းထောင်အတွင်းမှ အချုပ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၇ ဦး၊ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦး ၊ သေဒဏ်ကျ နိုင်ငံရေး အကျဉ်းသူ ၂ ဦး တို့က ရုတ်တရက် အချုပ်ခန်းတံခါးကို ခြေထောက်ဖြင့် ကန် အတင်းတိုးထွက်ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်များ လုယူ ထွက်ပြေးခဲ့ကြကြောင်း ၊ ဒုရဲအုပ် အေးသော် ထံမှ ခြောက်လုံးပြူး ၁ လက်၊ ရဲတပ်သား အောင်သူဝင်းထံမှ G-3 တစ် ၁ လက်ကို ယူဆောင်၍ တောင်ငူအကျဉ်းထောင်အတွင်းမှ ထွက်ပြေးခဲ့လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်အတွက် တောင်ငူ ထောင်ပိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး တရားစွဲဆိုထားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဦးကြည်ဦးကို သီးသန့်တိုက်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article