30 C
Yangon

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် စစ်တပ်က သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းတစ်ခုတွေ့ရှိရ

Must read

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် စစ်တပ်က သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းတစ်ခုတွေ့ရှိရ

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရွှေညောင်တော်ရွာနှင့် မင်းရွာကြားတွင် စစ်တပ်က သတ် ဖြတ်ကာ စွန့်ပစ်ထားခဲ့သည့် အမျိုးသားရုပ်အလောင်းတစ်ကို တွေ့ရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အဆိုပါရုပ်အလောင်းကို ဒေသနေပြည်သူများက တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းမှာ ပုပ်ပွနေသဖြင့် နေရာမှတင် သင်္ဂြိုလ်ပေးခဲ့ရကြောင်း၊ ပြီးခဲ့သည့် ရက် ပိုင်းအတွင်းက အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်သွားပြီး ဖမ်းဆီးလာသော ဓားစာခံ ပြည်သူကို သတ်ဖြတ်ကာ စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလောင်းကတော့ အမျိုးသားရုပ်အလောင်းပါ၊ ကျနော်တို့ အနီးအနားကျေးရွာက လူတော့ မဟုတ်နိုင် ဘူးဗျ၊ စစ်ခွေး စစ်ကြောင်းမှာ ဓားစာခံဖမ်းလာတဲ့ ပြည်သူဖြစ်ဖို့များတယ်၊ ရုပ်က ပုပ်ပွနေတာဆိုတော့ သေချာတောင် ကြည့်လို့မရတော့ဘူး၊ အဲဒါကြောင့် နေရာမှာတင် သင်္ဂြိုလ်ပေးလိုက်ရတယ်၊” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article